နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-
- ယခုဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၃၁၁ ဒသမ ၄၆၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၅ သန်းရရှိခဲ့၊ နယ်စပ် ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၁ ဒသမ ၁၁ တန်တင်ပို့ပြီး အမေရိကန် ဒေါ်လာ သုည ဒသမ ၀၆၆ သန်းရရှိသည့်အတွက် စုစုပေါင်း ပုစွန်မက်ထရစ်တန် ၃၂၂ ဒသမ ၅၇၈ တန်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၁ သန်း ရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ပထမသုံးလတာကာလအတွင်း အမေရိကန်ဒေါ်လာ ၃၈ သန်း တန်ဖိုးရှိ ပြောင်းတန်ချိန် ၃ ဒသမ ၈ သိန်းတင်ပို့ရန် လျာထားပြီး ဧပြီလအတွင်း က ပြောင်းတန်ချိန် ၃၉၂,၀၂၀ ဒသမ ၉၃၁ တန် အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၂၈၅ သန်းဖိုးတင်ပို့နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် ကျော်လွန်ခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၆ ရက်အထိ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂၂၁ ဒသမ ၇၇၆ သန်းနှင့် ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၃၄၂ သန်းရရှိသည့်အတွက် စက်မှုကုန်ချော ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၅၇ ဒသမ ၁၁၈ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ တစ်လတာကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပျားရည် မက်ထရစ်တန် ၂၀ ဒသမ ၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းရရှိခဲ့။
ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူက ပြည်ပသို့ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၄၅၂ ဒသမ ၇၄၇ သန်းရရှိခဲ့သဖြင့် ယခုဘဏ္ဍာနှစ်တွင် ၄ ဒသမ ၃၇၁ သန်းပိုမို ရရှိခဲ့ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၅-၂၀၂၄)
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၃၀ ရက် အထိ တစ်လတာကာလအတွင်း ပြည်ပ သို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုစွန်မက်ထရစ်တန် ၃၂၂ ဒသမ ၅၇၈ တန်တင်ပို့ထား ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၁ သန်း ရရှိခဲ့။
- ဧပြီလအတွင်း ပြောင်းတန်ချိန် လေးသိန်းနီးပါးတင်ပို့နိုင်ခဲ့ပြီး လျာထားချက်ထက် ကျော်လွန်ခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၆ ရက်အထိ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၅၇ ဒသမ ၁၁၈ သန်းရရှိခဲ့။
- ယခုဘဏ္ဍာနှစ် ဧပြီလ တစ်လတာကာလအတွင်း ပျားရည်မက်ထရစ်တန် ၂၀ ဒသမ ၆ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ၀၃၁ သန်းရရှိခဲ့။
Add new comment