တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော ကျိုက်မရောမြို့တွင် နေရပ်စွန့်ခွာဒေသခံပြည်သူများ၏နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များယူဆောင်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများက ကျေးရွာများအတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိစေရန် နယ်မြေလုံခြုံရေးဆောင် ရွက်နေခြင်းသာရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပခုက္ကူမြို့နယ်၊ ကံသစ်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင် ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်နေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများ၏ ယာယီတဲစခန်းတစ်ခုအား တွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများက ကျေးရွာရှိနေအိမ်များကို မီးရှို့ ထွက်ပြေးသွားခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် DVB TV News နှင့် မြေလတ်အသံတို့မှ တင် ထားသော တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့၊ ဇီးပြောင်း ကျေးရွာရှိ ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ဟူ သည့်သတင်းနှင့် မတ္တရာမြို့နယ်ရှိ ဥဒိန်၊ မြွေတဲအုပ်နှင့် မြွေကူးတို့ဆိပ်ကျေးရွာ များအား မီးရှို့ခဲ့သောကြောင့် နေအိမ် ၂၀ ခန့်မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်း များသည် လုပ်ကြံသတင်းအမှားများဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ ဝင်များကို PDF အကြမ်းဖက်သမားများက ဥဒိန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား နေစဉ် မြွေကူးတို့ဆိပ်ကျေးရွာစာသင်ကျောင်းအတွင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဥဒိန်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော သရက်ချောင်းမြို့နယ်၊ ကနက် သီရီရွာကို တပ်မတော်က ရေကြောင်း၊ လေကြောင်းတို့မှ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး အဆိုပါ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသလို ရေကြောင်း၊ လေကြောင်းတို့မှ ပစ်ခတ် ခဲ့ခြင်းလည်းမရှိခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Tachileik News Agency မှ တင်ထားသော နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲများတွင် ဓာတုအဆိပ်သင့်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ တိုက်ပွဲများတွင် အကြမ်းဖက် သမားများက ထိခိုက်သေဆုံးမှုများပြားခဲ့သည့်အတွက် တပ်မတော်ဘက်မှ ဓာတု အဆိပ်ဗုံးများဖြင့် ကြဲချတိုက်ခိုက်နေဟူသည့် လုပ်ကြံသတင်းအမှားများ ဖြန့်ဝေ နေခြင်းသာဖြစ်။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော အောင်လံမြို့တွင် စစ်မှုထမ်းရန် အမည်စာရင်းပါရှိသည့် ကွယ်လွန်သူတစ်ဦးအစား ၎င်းအိမ်ရှိ လူငယ်တစ်ဦးကို အစားထိုးပေးရန် တာဝန်ရှိသူများ ပြောကြားခဲ့ဟူသည့်သတင်းနှင့် အုတ်ဖိုမြို့တွင် စစ်မှုထမ်းရန်ငြင်းဆိုသည့် လူငယ် ၇ ဦးနှင့် မိသားစုဝင် ၁၁ ဦးကို ဖမ်းဆီးထား ဟူသည့်သတင်းများသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားများဖြစ်ပြီး အဆိုပါကိစ္စရပ်များ မြေပြင်အမှန်တွင် မရှိကြောင်းနှင့် ပြည်သူများ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မုံရွာမြို့နယ်ရှိ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ အဆိုပါဘုရားအနီး PDF အကြမ်းဖက်သမားများက ရောက်ရှိနေကြောင်း သတင်းရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခဲ့ကြောင်းနှင့် ပြည်သူ များထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း သိရှိရ။
နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်းပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၅-၂၀၂၄)
- ကျိုက်မရောမြို့တွင် နေရပ်စွန့်ခွာဒေသခံပြည်သူများ၏နေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များယူဆောင်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေခြင်းသာ ရှိကြောင်း သိရှိရ။
- ပခုက္ကူမြို့နယ်၊ ကံသစ်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်နေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ အပြန်အလှန်ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သမားများက ကျေးရွာရှိနေအိမ်များကို မီးရှို့ထွက်ပြေးသွား ခဲ့ခြင်းသာဖြစ်။
- တပ်မတော်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် သိမ်ဇရပ်မြို့၊ ဇီးပြောင်း ကျေးရွာရှိ ရော်ဘာခြံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးခဲ့ဟူသည့်သတင်းနှင့် မတ္တရာမြို့နယ်ရှိ ဥဒိန်၊ မြွေတဲအုပ်နှင့် မြွေကူးတို့ဆိပ်ကျေးရွာများအား မီးရှို့ခဲ့ သောကြောင့် နေအိမ် ၂၀ ခန့်မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းများသည် လုပ်ကြံ သတင်းအမှားများဖြစ်။
- သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာကို တပ်မတော်က ရေကြောင်း၊ လေကြောင်း တို့မှ ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်။
- နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးဖြစ်ပွားသည့် တိုက်ပွဲများတွင် ဓာတု အဆိပ်သင့်ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ တိုက်ပွဲများတွင် အကြမ်းဖက်သမားများက ထိခိုက်သေဆုံးမှုများပြားခဲ့သည့်အတွက် တပ်မတော် ဘက်မှ ဓာတုအဆိပ်ဗုံးများဖြင့် ကြဲချတိုက်ခိုက်နေဟူသည့် လုပ်ကြံသတင်းအမှား များ ဖြန့်ဝေနေခြင်းသာဖြစ်။
- အောင်လံမြို့တွင် စစ်မှုထမ်းရန် အမည်စာရင်းပါရှိသည့် ကွယ်လွန်သူတစ်ဦးအစား ၎င်းအိမ်ရှိ လူငယ်တစ်ဦးကို အစားထိုးပေးရန် တာဝန်ရှိသူများ ပြောကြားခဲ့ဟူသည့် သတင်းနှင့် အုတ်ဖိုမြို့တွင် စစ်မှုထမ်းရန်ငြင်းဆိုသည့် လူငယ် ၇ ဦးနှင့် မိသားစုဝင် ၁၁ ဦးကို ဖမ်းဆီးထားဟူသည့်သတင်းများသည် လုပ်ကြံဖန်တီးထားသော သတင်း အမှားများဖြစ်။
- မုံရွာမြို့နယ်ရှိ မိုးညှင်းသမ္ဗုဒ္ဓေ ဘုရားဝင်းထဲသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
Add new comment