ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများ ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများကို ဆောင်ရွက်လျက်ရှိရာ-

  • မေလ ၉ ရက်တွင် ဖြူးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၆ ခုမှ ပြည်သူ ၂၈၀ ဦး၊ အုတ်တွင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၁ ခုမှ ပြည်သူ ၂၆၇ ဦး၊ စုစုပေါင်း ၅၄၇ ဦး။
  • မေလ ၁၀ ရက်တွင် တောင်ငူမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၄ ခုမှ ပြည်သူ ၃၇၆ ဦး၊ ရေတာရှည်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၅ ခုမှ ပြည်သူ ၂၉၆ ဦး၊ စုစုပေါင်း ၆၇၂ ဦး။
  • ပဲခူးတိုင်းဒေသကြီးနယ်မြေအတွင်းရှိ မြို့နယ် ၂၅ မြို့နယ်တွင် ဧပြီလ ၂၅ ရက်မှ မေလ ၁၀ ရက်အထိ မဲဆန္ဒရှင်စုစုပေါင်း ၈,၅၀၄ ဦးက အီလက်ထရောနစ်မဲပေး စက်ဖြင့် ကိုယ်တိုင်မဲပေးလေ့လာမှုများ ဆောင်ရွက်ခဲ့။

စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ရသည့် အတွေ့အကြုံများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များ ပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၅-၂၀၂၄)

  • ဧပြီလ ၂၅ ရက်မှ ၁၀ ရက်အထိ ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူ ,၅၀၄ ဦးအား အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ ခြင်းများ ဆောင်ရွက်ပေးခဲ့။
  • စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ရသည့် အတွေ့အကြုံများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက် များပေးခဲ့။

Add new comment

Switch to plain text editor