ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် ပညာရေးဝန်ထမ်းများအား အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေး

          ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မေလ ၁၄ ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက-

  • မေလ ၂၃ ရက်မှစ၍ ကျောင်းအပ်နှံရေးသီတင်းပတ် စတင်မည်ဖြစ်ပြီး ဇွန်လ ရက်တွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ကျောင်း များအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။
  • ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက် ရောက်စေရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • အခြေခံပညာကျောင်းများ၌ ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန်အတွက် စာကြည့်တိုက်အချိန် ထည့်သွင်းထားပြီးဖြစ်ကြောင်း။
  • ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်စေရေး၊ ယဉ်ကျေးလိမ္မာ၍ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်းချစ် ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ရှိသူများဖြစ်စေရေးအတွက် ပြုစုပျိုးထောင်သင်ကြား ပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများက အခြေခံပညာ၊ အဆင့် မြင့်ပညာ၊ ဆရာအတတ်ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (ကြေးမုံသတင်းစာ ၁၅-၅-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာ ရေးမှူးများနှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့။
  • ဇွန်လ ရက်တွင် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် ကျောင်းများအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်။
  • ပညာရေးဝန်ထမ်းများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက် ရောက်စေရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်။
  • အခြေခံပညာကျောင်းများ၌ ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန်အတွက် စာကြည့်တိုက်အချိန် ထည့်သွင်းထားပြီးဖြစ်။

Add new comment