နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိသူများအား မေလ ၁၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်ပြီး အမှာစကားပြောကြားခဲ့ပါသည်
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ခရိုင်/မြို့နယ် တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်းပြကြရာ တင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး အမှာစကားပြောကြားခဲ့ပါသည်။
- ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဥစားကြက်၊ အသားတိုးကြက်များကို စီးပွားဖြစ်နှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားရှိမှုကို ကြည့်ပါက အကောင်ရေ ၁၇ သန်းမှ သန်း ၂၀ နီးပါးကြား တွေ့ရှိရကြောင်း။
- မွေးမြူထားရှိမှုနှင့်ပတ်သက်၍ ထုတ်လုပ်မှုစရိတ် လျှော့ရန်အတွက် အစာစပ် စက်ရုံများ တည်ဆောက်၍ ကိုယ်တိုင်အစာထုတ်လုပ်သည့်စနစ်ဖြင့် ဆောင်ရွက် ပါက အစာဈေးနှုန်း ကုန်ကျစရိတ်မှာ ပြင်ပပေါက်ဈေးထက် ၂၀ ရာခိုင်နှုန်းခန့် သက်သာနိုင်မည်ဖြစ်ကြောင်း။
- နိုင်ငံစီးပွားမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် ၈ ဘီလီယံ အပေါ် လုပ်ငန်းရှင်များသို့ ထုတ်ချေးငွေပမာဏသည် ၇ ဒသမ ၅ ဘီလီယံ ကျော် ရှိသည်ကို တွေ့ရှိရကြောင်းနှင့် ထုတ်ချေးထားသည့် ချေးငွေများသည် လုပ်ငန်း အမှန်တကယ် လည်ပတ်မှုရှိရန်လိုကြောင်း၊ လုပ်ငန်းများ အမှန်တကယ် ဆောင်ရွက် မှသာ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်မည်ဖြစ်ပြီး အဆိုပါ ရရှိသည့် ငွေများကို ထပ်မံ၍ အခြားသော ငွေကြေးလိုအပ်ချက်ရှိသည့် လုပ်ငန်းများသို့ ထပ်မံချေးငွေ များ ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။
- ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့်ပတ်သက်၍ စာရင်းဇယားများအရ မဟုတ်ဘဲ မြေပြင်တွင် အမှန်တကယ် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်လိုကြောင်း။
- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၀)နှစ်တွင် တစ်ကြိမ်သာ ကောက်ယူသည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာ ကောက်ယူနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လိုအပ်ကြောင်းနှင့် သန်းခေါင်းစာရင်း ကောက်ယူခြင်းသည် ဆန္ဒမဲပေးခြင်းနှင့် မတူညီကြောင်း။
- စာရင်းဇယားများ မှန်ကန်မှသာ မိမိနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကိုများစွာ အထောက်အကူပြုမည်ဖြစ် သည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း လိုအပ်သလို စနစ်တကျ စီမံဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူသွားရန်လိုကြောင်း။
- မိုးရာသီတွင် ကြုံတွေ့ရသည့် ရေကြီး ရေလျှံမှုများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် ထားရှိရန်လိုကြောင်း၊ ကျန်းမာရေးနှင့်ပတ်သက်၍ မိုးရာသီတွင် ဖြစ်ပွားတတ် သည့် ရောဂါများ အတတ်နိုင်ဆုံး ဖြစ်ပွားမှုမရှိစေရေး မပြတ်စီမံဆောင်ရွက် ကြရန်လိုကြောင်း။
- ပညာရေးနှင့်ပတ်သက်၍ မကြာမီတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်သဖြင့် လာမည့်ပညာသင်နှစ်တွင် ကျောင်းများအားလုံး ဖွင့်လှစ်သင်ကြားနိုင် ရေး ကြိုးပမ်းဆောင်ရွက်သွားရန်အပ်ကြောင်း။
- နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သော ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် အတန်းစဉ်မပြတ် တက်ရောက်ပညာသင်ကြားနိုင်ရေး၊ ကျောင်းနေအရွယ် ကလေးအားလုံး လုံလုံခြုံခြုံဖြင့် ပညာသင်ကြားနိုင်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း၍ စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုကြောင်း။
- နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စားသုံးဆီ ဖူလုံရေးအတွက် နေကြာ နှင့် အခြားဆီထွက်သီးနှံများကိုလည်း စနစ်တကျ စိုက်ပျိုးသွားရန်လိုကြောင်း။
- MSME လုပ်ငန်းမှ စားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား မိမိဒေသ၌ ရောင်းချနိုင်ရေး ဦးမတည်ပဲ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်ပပို့ကုန်အမယ်သစ်များဖြင့် ထုတ်လုပ်တင်ပို့နိုင်ရေးကို အဓိကဦးတည်ချက် ထားပြီး မူဘောင်အတွင်းမှ စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း။
- လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လစ်ဟာမှုမရှိစေရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ပြည်သူ့အပေါ် မလိုလားအပ်သည့် အနိုင်ကျင့်မှုများ၊ အဓမ္မငွေကြေးကောက်ခံမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေဘောင်အတွင်းမှ စနစ်တကျ စီမံဆောင်ရွက်ရန်လိုကြောင်း။
- ပြည်သူ့စစ်မှုထမ်းမှုနှင့်ပတ်သက်၍ ဥပဒေများထုတ်ပြန်ပြီး ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်နေမှုများအပေါ် တည်ငြိမ်အေးချမ်းမှုကို ပျက်စီးလိုသည့် ပြည်ဖျက် မီဒီယာအချို့က ပြည်သူ့များ စိုးရိမ်ထိတ်လန့်မှုဖြစ်စေရန် မဟုတ်မမှန် ကောလ ဟာလသတင်းများ ထုတ်လွှင့်လျက်ရှိသည်ကို တွေ့ရှိရပြီး မိမိတို့အနေဖြင့် သတ်မှတ်ပြဋ္ဌန်းထားသည့် ဥပဒေဘောင်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
- စီးပွားရေးဇုန်များအလိုက် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာ တွင် လစ်ဟင်းမှုမရှိစေရေး ရေ၊ မီး၊ အလုပ်သမားစသည့် ကိစ္စရပ်များကိုလည်း ချမှတ်ထားသည့် မူဘောင်အတွင်းမှ သက်ဆိုင်ရာ တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါ သည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်တို့မှ ဌာန ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၅-၂၀၂၄)
- ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၀)နှစ်တွင် တစ်ကြိမ်သာ ကောက်ယူသည့် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာ ကောက်ယူနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် လို၊ သန်းခေါင်းစာရင်း ကောက်ယူခြင်းသည် ဆန္ဒမဲပေးခြင်းနှင့် မတူညီ။
- စာရင်းဇယားများ မှန်ကန်မှသာ မိမိနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကိုများစွာ အထောက်အကူပြုမည်ဖြစ် သည့်အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင်လည်း လိုအပ်သလို စနစ်တကျ စီမံဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူသွားရန်လို။
- MSME လုပ်ငန်းမှ စားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအား မိမိဒေသ၌ ရောင်းချနိုင်ရေး ဦးမတည်ပဲ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်ပပို့ကုန်အမယ်သစ်များဖြင့် ထုတ်လုပ်တင်ပို့နိုင်ရေးကို အဓိကဦးတည်ချက် ထားပြီး မူဘောင်အတွင်းမှ စီမံဆောင်ရွက်ရန်လို။
- လုံခြုံရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း လစ်ဟာမှုမရှိစေရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန်လိုအပ်ပြီး ပြည်သူ့အပေါ် မလိုလားအပ်သည့် အနိုင်ကျင့်မှုများ၊ အဓမ္မငွေကြေးကောက်ခံမှုများ မပြုလုပ်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အထူးကြပ်မတ်၍ ဥပဒေဘောင်အတွင်းမှ စနစ်တကျ စီမံဆောင်ရွက်ရန်လို။
Add new comment