တပ်မတော်တွင် ဆဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

          တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့်လည်းကောင်း၊ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ်ကုသမှု ၃ ကြိမ်တွင် လူနာ ၉ ဦးဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ်တွင် ပဉ္စမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့်လည်းကောင်း အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ပါသည်။

          ယခုအခါ ဆဋ္ဌမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်ခဲ့ပြီး ပထမနေ့အသည်းအစားထိုးခွဲစိတ်ကုသမှုကို မေလ ၁၁ ရက်တွင် လည်းကောင်း၊ ဒုတိယနေ့အသည်းအစားထိုးခွဲစိတ်ကုသမှုကို မေလ ၁၂ ရက်တွင် လည်းကောင်း၊ တတိယနေ့အသည်းအစားထိုးခွဲစိတ်ကုသမှုကို မေလ ၁၃ ရက်တွင် လည်းကောင်း မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ အထူးကုသမှုစင်တာ၌ တပ်မတော်မှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့နှင့် အိန္ဒိယ နိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

          အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၅-၂၀၂၄)

  • တပ်မတော်တွင် အသည်းအစားထိုးခွဲစိတ်ကုသမှုများကို ပထမအကြိမ်မှ ဆဋ္ဌမအကြိမ် အထိ အသည်းအစားထိုးလူနာ ၁၇ ဦးတို့ကို အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့။
  • အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်မှ အသည်းအစားထိုး ခွဲစိတ် ကုသမှုအဖွဲ့နှင့် အိန္ဒိယနိုင်ငံမှ အသည်းအစားထိုးခွဲစိတ်ကုသမှုအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့။
  • အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာ ရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိ။

 

 

 

Add new comment