ကျုံအိတ်တံတားပျက်စီးမှုကြောင့် ခရီးလမ်းပန်း ပြတ်တောက်မှုမရှိစေရေး စီမံဆောင်ရွက်လျက်ရှိ

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်၊ ဒေသတွင်း ကုန်စည်စီးဆင်းမှုရပ်တန့်စေရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေရန် ရည်ရွယ်၍ KNLA အဖွဲ့နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တို့သည် မေလ ၁၁ ရက်၊ နံနက်ပိုင်းတွင် အများပြည်သူများ အားထားအသုံးပြုလျက်ရှိသည့် ကျုံအိတ် တံတားကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပါသည်။

မေလ ၁၂ ရက်တွင် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျုံအိတ် တံတားကမ်းကပ်ခုံ ၁၀၀ ရာခိုင်နှုန်း ပြိုကျပျက်စီးခဲ့မှုကြောင့် ပြည်သူများနှင့် မော်တော် ယာဉ်များ ဖြတ်သန်းသွားလာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည့်အခြေအနေကို အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသတွင်းကုန်စည် စီးဆင်းမှုရပ်တန့်မှုမရှိစေရေး၊ အများပြည်သူခရီးသွားလာမှုနှောင့်နှေးမှုမရှိစေရေးအတွက် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီတို့မှ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

ကျုံအိတ်တံတားသည် သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စု လမ်းမပေါ်ရှိ အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၅-၂၀၂၄)

  • KNLA အဖွဲ့နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တို့သည် အများပြည်သူများ အားထား အသုံးပြုလျက်ရှိသည့် ကျုံအိတ်တံတားကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့။
  • မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျုံအိတ်တံတားကမ်းကပ်ခုံ ၁၀၀ ရာခိုင်နှုန်း ပြိုကျပျက်စီးခဲ့မှုကြောင့် ဒေသတွင်းကုန်စည်စီးဆင်းမှုရပ်တန့်မှုမရှိစေရေး၊ အများပြည်သူခရီးသွားလာမှုနှောင့်နှေးမှုမရှိစေရေးအတွက် အမြန်ဆုံးပြင်ဆင် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့
  • ကျုံအိတ်တံတားသည် အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး ပြည်သူများ၏ နေ့စဉ်လူမှုစီးပွားအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်။

Add new comment