၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားငွေတိုးတက်ရရှိစေရေး၊ နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင် များ ငွေကြေးလည်ပတ်မှု ကောင်းမွန်စေရေး၊ ပြည်တွင်း၌ ပုလဲများ ရောင်းချခြင်းအား ဖြင့် နိုင်ငံသားပုလဲကုန်သည်များ ငွေကြေးစီးဆင်းမှု ကောင်းမွန်စေရေးနှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးတို့အတွက် မေလ ၃ ရက်မှ ၁၂ ရက် အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ-
- ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် အုပ်စု (A) နှင့် (B) မှ ကျောက်စိမ်းအတွဲ အမှတ် (၉၅၁) မှ ၁၉၀၀ အထိ ခင်းကျင်းပြသထားပြီး ကျောက်စိမ်းအတွဲပေါင်း ၅၆၉ တွဲရောင်းချနိုင်ခဲ့။
- ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် အုပ်စု (A) နှင့် (B) မှ ကျောက်စိမ်းအတွဲ အမှတ် (၁၉၀၁) မှ (၂၇၅၀) အထိ ခင်းကျင်းပြသထားပြီး ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲရောင်းချနိုင်ခဲ့။
- ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့တွင် အုပ်စု(C) မှ ကျောက်စိမ်းအတွဲအမှတ် (၂၇၅၁) မှ (၃၇၅၀)အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့် ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများ ထည့်သွင်းခဲ့။
- ကျောက်မျက်ရတနာပြပွဲ နဝမနေ့တွင် အုပ်စု(C) မှ ကျောက်စိမ်းအတွဲအမှတ် (၂၇၅၁) မှ (၃၇၅၀) အထိ ခင်းကျင်းပြသထားပြီး ကျောက်စိမ်းအတွဲပေါင်း ၉၅၄ တွဲ ရောင်းချခဲ့။
- ကျောက်မျက်ရတနာပြပွဲနောက်ဆုံးနေ့တွင် အုပ်စု (C) မှ ကျောက်စိမ်းအတွဲအမှတ် (၃၇၅၁) မှ (၄၅၅၀) အထိ ခင်းကျင်းပြသထားပြီး ကျောက်စိမ်းအတွဲပေါင်း ၇၅၈ တွဲ ရောင်းချခဲ့။
(၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၈၂ တွဲ၊ တတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၉၇ တွဲ၊ စတုတ္ထနေ့တွင် ကျောက်မျက် အတွဲပေါင်း ၈၈ တွဲ၊ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၄၆ တွဲ၊ ဆဋ္ဌမနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၅၆၉ တွဲ၊ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲ၊ နဝမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၉၅၄ တွဲနှင့် ပြပွဲနောက်ဆုံးနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၇၅၈ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၅-၂၀၂၄)
- (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး ပုလဲအတွဲ ၃၇၉ တွဲ၊ ကျောက်မျက်အတွဲ ၈၈ တွဲ၊ အုပ်စု (A) နှင့် အုပ်စု (B) မှ ကျောက်စိမ်းအတွဲ ၁၅၃၉ တွဲနှင့် အုပ်စု (C) မှ ကျောက်စိမ်းအတွဲ ၁၇၁၂ တွဲ စုစုပေါင်းကျောက်စိမ်းအတွဲပေါင်း ၃,၂၅၁ တွဲကို ရောင်းချပေးနိုင်ခဲ့။
Add new comment