နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၂ ရက်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများအား ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားခဲ့ရာ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသားပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ရှမ်းပြည်နယ်ဆိုင်ရာ အချက် အလက်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကဏ္ဍအသီးသီး၌ ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပြီး မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျိုင်းတုံဒေသသို့ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲပေးစေလိုမှု၊ ကျိုင်းတုံဒေသတွင် အစိုးရ နည်းပညာအထက်တန်းကျောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြပါသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ လေကြောင်း လိုင်းများပြေးဆွဲလျက်ရှိမှုနှင့် လိုအပ်ချက်အပေါ်မူတည်၍ ထပ်မံတိုးချဲ့ပြေးဆွဲနိုင်ရေး ဆောင်ရွက်ပေးသွားမည့်အခြေအနေများ၊ အစိုးရနည်းပညာအထက်တန်းကျောင်းအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့်ပတ်သက်၍ စိစစ်တွက်ချက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် ယခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နာမည်ထွက်ပေါ်ခဲ့ကြောင်းနှင့် မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ တိုက်ဖျက်တားဆီးခဲ့ကြပြီး အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်ခဲ့ကြောင်း။
  • တရားဥပဒေစိုးမိုးမှုအားနည်းခြင်းနှင့် နယ်မြေဒေသမတည်မငြိမ်မှုများကြောင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများနှင့် ရောင်းဝယ်မှုများသည် အမြစ်ပြတ်ပပျောက်မှု မရှိခဲ့ကြောင်း။
  • အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကိုလည်း မိမိတို့ အနေဖြင့် ထိထိရောက်ရောက်တိုက်ဖျက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံများ အနေဖြင့်လည်း ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
  • စီးပွားရေးနှင့်ပတ်သက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အနေဖြင့် ထုတ်ကုန် ပစ္စည်းများ ရရှိစေရေး မိမိအနေဖြင့် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း၊
  • ဒေသတွင်း အောင်မြင်ဖြစ်ထွန်းသည့် စိုက်ပျိုးသီးနှံများကို ခေတ်မီနည်းစနစ်များ အသုံးပြု စိုက်ပျိုး၍ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောင်ရေနှင့် သွင်းအားစု များ ပြည့်မီစွာရရှိရေးအတွက်လည်း ဆောင်ရွက်ကြရန်လိုကြောင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ဒေသသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက် နိုင်မည့်အခြေအနေများကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း။
  • ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိရိုးဖလာဖြင့် ဆောင်ရွက်ခြင်း ထက် ခေတ်နှင့်လျော်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အသိပညာ၊ အတတ်ပညာ ကြွယ်ဝ သည့် လူသားအရင်းအမြစ်ကောင်းများလိုအပ်သဖြင့် ပညာရေးအားပေး ဆောင် ရွက်ကြစေလိုကြောင်း။
  • နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုပညာကျွမ်းကျင်သည့် လူသား အရင်းအမြစ်များရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်း ကျောင်းများကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း။
  • ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျိုင်းတုံ လေဆိပ်နှင့် တာချီလိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီး သွားများ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း။
  • ကျိုင်းတုံဒေသသည် ခရီးသွားလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် ရေမြေတောတောင်သဘာဝနှင့် ရှေးဟောင်းအမွေအနှစ်များစွာကို ပိုင်ဆိုင် ထားရှိပြီးဖြစ်သဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက် ကြရန်လိုကြောင်း။
  • နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း။
  • ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန် မဖြစ်မနေ လိုအပ်မည်ဖြစ်သဖြင့် ဒေသခံများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့်ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ကျိုင်းတုံမြို့ရှိ မြို့မိ၊ မြို့ဖများအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်၊ ရွှေတြိဂံဧည့်ရိပ်သာ၌ ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ တင်ပြချက် များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် မြို့မိမြို့ဖများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးပုံစံတူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်များနှင့် စားသောက်ဖွယ်ရာများကို တစ်ဦး ချင်း ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၅-၂၀၂၄)

  • ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် ယခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နာမည်ထွက်ပေါ်ခဲ့၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ နှစ်ပေါင်းများစွာ တိုက်ဖျက်တားဆီးခဲ့ကြပြီး အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့။
  • အွန်လိုင်းလောင်းကစားမှုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကိုလည်း မိမိတို့ အနေဖြင့် ထိထိရောက်ရောက်တိုက်ဖျက်ဆောင်ရွက်လျက်ရှိသကဲ့သို့ ဒေသခံများ အနေဖြင့်လည်း ဝိုင်းဝန်းတိုက်ဖျက်ဆောင်ရွက်ကြရမည်ဖြစ်။
  • စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောင်ရေနှင့် သွင်းအားစု များ ပြည့်မီစွာရရှိရေးအတွက်လည်း ဆောင်ရွက်ကြရန်လို၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသသည် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေ အနေများကို ပိုင်ဆိုင်ထားပြီးဖြစ်။
  • ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိ၊ ကျိုင်းတုံလေဆိပ်နှင့် တာချီလိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများ ဝင်ရောက် နိုင်မည်ဖြစ်။
  • နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ် စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရန်လို။

Add new comment