AA အကြမ်းဖက်သောင်းကျန်းသူများသည် မေလ ၁၁ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၏ အရှေ့မြောက်ရှိ လက်နက်ကြီးဖြင့် ပြည်သူ့ဆေးရုံဝန်းအတွင်းသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့ဆေးရုံရှိ ဝန်ထမ်းအိမ်ရာ ၄ ထပ်ဆောင် ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ ပြည်သူ့ဆေးရုံဝန်းအတွင်း အေးချမ်းစွာနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပါသည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ရခိုင်ပြည်နယ်အတွင်း ဒေသခံ ပြည်သူများ အေးချမ်းစွာနေထိုင်နေမှုနှင့် လူမှုစီးပွားဘဝ ပျက်စီးစေရန် ရည်ရွယ်ချက် ဖြင့် လူနေရပ်ကွက်/ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုမှာ ယခုအကြိမ်အပါအဝင် စုစုပေါင်း ၁၄ ကြိမ်ရှိခဲ့ပြီး ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၆၀ ဦး သေဆုံးခဲ့ကာ ၁၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အဆိုပါလုပ်ရပ်များကို ဒေသခံပြည်သူများက လုံးဝလက်ခံ နိုင်ခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၅-၂၀၂၄)
- ဘူးသီးတောင်မြို့ရှိ ယာယီနေရပ်စွန့်ခွာသူများနေထိုင်သည့် ပြည်သူ့ဆေးရုံဝန်း အတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲနှင့် အသက် ၁၀ နှစ်အရွယ် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၁၀ ဦး ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့။
Add new comment