ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂) သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများ သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ

ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/ ၂၀၁၀) ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ယင်းဥပဒေအား အသက်ဝင်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။ 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂) သို့ တက်ရောက်ရန်အတွက် သက်ဆိုင်ရာသင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ လာကြသည့် နိုင်ငံ့သားကောင်းရတနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များရှိ နယ်မြေခံသင်တန်းကျောင်းများတွင် ကျန်းမာရေးဆေးစစ်ပေးခြင်း၊ စစ်အသုံးအဆောင် ပစ္စည်းများထုတ်ပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ် ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိကြပြီး ယင်းတာဝန်များကို ထမ်းဆောင်ရန် အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင် နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းခဲ့ရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၅-၂၀၂၄)

  • ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် () သို့ တက်ရောက်ရန်အတွက် ရောက်ရှိ လာကြသည့် နိုင်ငံ့သားကောင်းရတနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် များရှိ နယ်မြေခံသင်တန်းကျောင်းများတွင် ကျန်းမာရေးဆေးစစ်ပေးခြင်း၊ စစ် အသုံးအဆောင်ပစ္စည်းများထုတ်ပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက် ဖွယ်ရာများပေးအပ်ခြင်းများ ဆောင်ရွက်ပေးခဲ့။
  • နိုင်ငံတော်တွင် နိုင်ငံသားတိုင်းအနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိ။

 

 

 

 

 

 

 

 

 

 

 

 

Add new comment