မြန်မာ - တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို တရုတ်ခရီးသွားဧည့်သည်များ ပိုမိုလာရောက် လည်ပတ်စေရန်နှင့် တရုတ်ခရီးသွားဈေးကွက်တွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို ပိုမိုသိရှိလာစေရေး မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏ စီစဉ်မှု၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်းနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာ - တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ရင်နှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ် (Familiari- zation Trip– FAM Trip)တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့ကို မြန်မာ နိုင်ငံသို့ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါအဖွဲ့တွင် တရုတ်နိုင်ငံရှိ ပေကျင်း၊ ကူမင်း၊ ယူနန်၊ ကွေ့လင်၊ ချုံချင့်၊ ချန်ဒူး အစရှိသော ဒေသများမှ ခရီးသွားအေဂျင်စီများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်ဌာန   များနှင့် မီဒီယာများမှ ကိုယ်စားလှယ် ၄၁ ဦးတို့ လိုက်ပါလာကြသည့် ကိုယ်စားလှယ် အဖွဲ့သည် မေလ ၁၀ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ၏ အထင်ကရ ခရီးစဉ်ဒေသများဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ နေပြည်တော်၊ ငွေဆောင်စသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၅-၂၀၂၄)

  • မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ၏ အထင်ကရခရီး စဉ်ဒေသများဖြစ်သည့် ရန်ကုန်၊ ပုဂံ၊ မန္တလေး၊ နေပြည်တော်၊ ငွေဆောင်စသည့် ခရီးစဉ်ဒေသများကို သွားရောက်လည်ပတ်ကြမည်ဖြစ်။

Add new comment