မေလ ၁၁ ရက်တွင် အများပြည်သူ အားထားအသုံးပြုလျက်ရှိသည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ သံကူကွန်ကရစ် အမျိုးအစား ကျုံအိတ်တံတားအနီး၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များက လက်နက်ကြီး/ လက်နက်ငယ်များအပြင် Drop Bomb ကြဲချတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများသည် ဆုတ်ခွာထွက်ပြေးသွားစဉ် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့ပါသည်။ ထိုသို့အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျုံအိတ် တံတား ၁၀၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးသွားခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်တွင်လည်း ၎င်းတံတားအား အကြမ်းဖက်သမား များက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ အများပြည်သူသွားလာရေး အခက်အခဲများ ဖြစ်ပေါ်ခဲ့၍ ကုန်စည်စီးဆင်း မှုများ ထိခိုက်နစ်နာဆုံးရှုံးခဲ့ရသဖြင့် နိုင်ငံတော်အစိုးရက ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့ စေရန် အမြန်ဆုံးပြန်လည် ပြုပြင်ပေးခဲ့ပြီး ယခုအခါထပ်မံ၍ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့်ယာဉ်ကြီး/ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသဖြင့် တံတားပျက်စီးမှုအား သက်ဆိုင်ရာလမ်း/ တံတားဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၅-၂၀၂၄)
- ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ သံကူကွန်ကရစ် အမျိုးအစား ကျုံအိတ်တံတား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လက်ရှိတွင် လူနှင့်ယာဉ်ကြီး/ ယာဉ်ငယ်များ ဖြတ်သန်းသွားလာရန် အခက်အခဲများ ဖြစ်ပေါ် လျက်ရှိ။
Add new comment