မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် မဆင်မခြင်ပစ်ခတ်ခဲ့

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာ ကျေးရွာ ပြည်သူ့စစ်စခန်းအား မေလ ၉ ရက်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် မဆင်မခြင်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာရှိ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သမားများဆုတ်ခွာစဉ် နီးစပ်ရာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အကြမ်းဖက်သမားများက ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် နေအိမ်များပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ကာ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိ၍ ကျေးရွာအတွင်းရှိ နေအိမ် ၅၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများက အေးချမ်းစွာနေထိုင်သော အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရစေလိုသည့်ရည်ရွယ်ချက်ဖြင့် လွဲမှားသော ခံယူချက်များကိုစွဲကိုင်ကာ အကြမ်းဖက်လုပ်ရပ်မျိုးစုံလုပ်ကိုင်လျက်ရှိပါသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အပြစ်မဲ့ ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျသတ်ဖြတ်ခြင်းနှင့် ပြည်သူများ ၏ အသက်အိုးအိမ်ပျက်စီးထိခိုက်အောင် လုပ်ဆောင်နေမှုများအပေါ်  အဖွဲ့အစည်းအသီး သီးမှ ကန့်ကွက်ရှုတ်ချထားသည့် သဘောထားကြေညာချက်များ ထုတ်ပြန်ထားကြောင်းနှင့် ပြည်သူများအနေဖြင့် ၎င်းတို့၏လုပ်ရပ်များအား လုံးဝလက်ခံနိုင်ခြင်းမရှိသည့်အပြင် စက်ဆုပ် ရွံ့ရှာလျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆုတ်ခွာထွက်ပြေးသွားခဲ့သည့် အကြမ်းဖက်သမားများအား လိုက်လံချေမှုန်းကာ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၄)

  • မြင်းခြံမြို့နယ်၊ ဆုံရွာကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများ  က လက်နက်ကြီးများဖြင့် မဆင်မခြင်ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့။

Add new comment