တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

                   

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော ကျိုက်မရောမြို့တွင် နေရပ်စွန့်ခွာဒေသခံပြည်သူများ၏နေအိမ်များမှ တန်ဖိုးကြီးပစ္စည်းများကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များယူဆောင်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများက ကျေးရွာများအတွင်းဝင်ရောက်၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ခြင်းမရှိစေရန် နယ်မြေလုံခြုံရေးဆောင် ရွက်နေခြင်းသာရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပခုက္ကူမြို့နယ်၊ ကံသစ်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင် ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်နေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သမားများ၏ ယာယီတဲစခန်းတစ်ခုအား တွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများက ကျေးရွာရှိနေအိမ်များကို မီးရှို့ ထွက်ပြေးသွားခဲ့ခြင်းသာဖြစ်ကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၄)

  • ကျိုက်မရောမြို့တွင် နေရပ်စွန့်ခွာဒေသခံပြည်သူများ၏နေအိမ်များမှ တန်ဖိုးကြီး ပစ္စည်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များယူဆောင်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံ သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ နယ်မြေလုံခြုံရေးဆောင်ရွက်နေခြင်းသာ ရှိကြောင်း သိရှိရ။
  • ပခုက္ကူမြို့နယ်၊ ကံသစ်ကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်နေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ အပြန်အလှန်ပစ်ခတ်မှုဖြစ် ပွားခဲ့ပြီး အကြမ်းဖက်သမားများက ကျေးရွာရှိနေအိမ်များကို မီးရှို့ထွက်ပြေးသွား ခဲ့ခြင်းသာဖြစ်။

 

Add new comment