နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secretariat)၊ မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုဆိုင်ရာ ကော်မတီ (ASEAN COSTI) တို့ပူးပေါင်းဆောင်ရွက်မှုဖြင့် “နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ် ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ -တရုတ် အလုပ်ရုံဆွေးနွေးပွဲ (ASEAN-China Workshop on Building Up Human Capital in Technology Transfer and Commercialization )” ကို မေလ (၉) ရက်မှ (၁၀) ရက်အထိ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ကျင်းပခဲ့ပါသည်။

  • အလုပ်ရုံဆွေးနွေးပွဲ၌ သုတေသနအဖွဲ့အစည်းများ၊ MSMEs လုပ်ငန်းရှင် များနှင့် တက္ကသိုလ်များအကြား နည်းပညာလွှဲပြောင်းရာတွင် တွေ့ကြုံရသောအခက်အခဲများ နှင့် ကျော်လွှားဖြေရှင်းနိုင်ရေးအမြင်များဖလှယ်ခြင်း၊ နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာဈေးကွက်မြှင့်တင်နိုင်ခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် တည်ဆောက် ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စွန့်ဦး တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည့်နည်းလမ်းများအပေါ် တရုတ်နှင့် အာဆီယံနိုင်ငံကိုယ်စားလှယ်များက အုပ်စုအဖွဲ့လိုက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များ၏ ရလဒ်များကို ရှေ့လုပ်ငန်းစဉ်များအဖြစ်သတ်မှတ်ခဲ့။
  • အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (ASEAN -China Cooperation Fund-ACCF) ဖြင့် တက္ကသိုလ်များနှင့် သုတေသနဌာန များ ၏ သုတေသနရလဒ်များအား ဓာတ်ခွဲခန်းအဆင့်မှ ဈေးကွက်တွင်စီးပွားဖြစ် ထုတ် လုပ်နိုင်ရေးအတွက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များအား နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ် ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ ကျွမ်းကျင် ပညာရှင်များ၊ မြန်မာနိုင်ငံတက္ကသိုလ်များ၊ ဆက်စပ်ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီး သီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၄)

  • နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲကို မေလ (၉) ရက်မှ (၁၀) ရက်အထိ ရန်ကုန်မြို့တွင် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး သုတေသနအဖွဲ့အစည်းများ၊ MSMEs လုပ်ငန်းရှင်များနှင့် တက္ကသိုလ်များအကြား နည်းပညာလွှဲပြောင်းရာတွင် တွေ့ကြုံရသောအခက်အခဲများနှင့် ကျော်လွှားဖြေရှင်း နိုင်ရေး၊ စွန့်ဦးတီထွင်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည့် နည်းလမ်း များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment