PDF အမည်ခံအကြမ်းဖက်​သမားများက မြင်းခြုံမြို့နယ်၊ ဆုံရွာကျေးရွာအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၃၂ ဦးသေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးမှ သဘောထားကြေညာချက်များ ထုတ်ပြန်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာ ကျေးရွာအား မေလ ၉ ရက်တွင်  PDF အမည်ခံအကြမ်းဖက်​သမားများက လက်နက် ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေ ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ပါသည်။

PDF အမည်ခံအကြမ်းဖက်​သမားများ၏ ယခုကဲ့သို့ ဒေသခံပြည်သူများ နေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ လူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေမှုများအပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းYMBA(ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ မြန်မာနိုင်ငံဧဝံဂေလိ ခရစ်ယာန်မဟာမိတ်အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ မက်သဒစ် အသင်းတော်(အောက်မြန်မာပြည်)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံအားကစားမီဒီယာအဖွဲ့ချုပ်၊ ယုံကြည်ခြင်းဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်းအသင်းတော်(ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာ ရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မ ပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မြန်မာ နိုင်ငံစာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီနှင့် ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း သဘောထားများအသီး သီးထုတ်ပြန်ခဲ့ကြကြောင်း သိရှိရ ပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၄)

  • PDF အမည်ခံအကြမ်းဖက်​သမားများက မြင်းခြုံမြို့နယ်၊ ဆုံရွာကျေးရွာအား လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၃၂ ဦးသေဆုံးကာ ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့မှုနှင့်ပတ်သက်၍ အပြစ်မဲ့ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နေမှု များအပေါ် မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ်ဖြစ်သည့် အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အဖွဲ့အစည်း ၂၀ ဖွဲ့မှ သဘောထား ကြေညာချက်များ ထုတ်ပြန်ခဲ့။

Add new comment