၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျောက်စိမ်းတွဲများ ဆက်လက်ရောင်းချလျက်ရှိ

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားငွေတိုးတက်ရရှိစေရေး၊ နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင် များ ငွေကြေးလည်ပတ်မှု ကောင်းမွန်စေရေး၊ ပြည်တွင်း၌ ပုလဲများ ရောင်းချခြင်းအား ဖြင့် နိုင်ငံသားပုလဲကုန်သည်များ ငွေကြေးစီးဆင်းမှု ကောင်းမွန်စေရေးနှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးတို့အတွက် မေလ ၃ ရက်မှ ၁၂ ရက် အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိရာ-

  • ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၉၅၁) မှ ၁၉၀၀ အထိ ခင်းကျင်းပြသထားပြီး ကျောက်စိမ်းအတွဲပေါင်း ၅၆၉ တွဲရောင်းချနိုင်ခဲ့။
  • ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် ၁၉၀၁ မှ ၂၇၅၀ အထိ ခင်းကျင်းပြသထားပြီး ကျောက်စိမ်းအတွဲပေါင်း ၄၂၄ တွဲရောင်းချနိုင်ခဲ့။

          ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၊  (A) အုပ်စု မှ ကျောက်စိမ်းအတွဲ ၁,၀၀၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁,၇၅၀ နှင့် (C) အုပ်စုမှ ကျောက်စိမ်းအတွဲ   ၁,၈၀၀ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း ၄,၅၅၀   တို့ကို ပြည်တွင်း ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၄)

  • (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်မှ ၁၂ ရက် အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး မေလ ၉ ရက်အထိ ပုလဲအတွဲပေါင်း ၃၇၉ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၈၈ တွဲနှင့် ကျောက်စိမ်း အတွဲပေါင်း ၁,၅၃၉ တွဲ ရောင်းချနိုင်ခဲ့။

Add new comment