မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ မြန်မာနိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတို့သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား မေလ ၉ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်-

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့် နီပေါနှစ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနှင့် ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးတွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍအပါအဝင် နှစ်နိုင်ငံ အကျိုးတူကဏ္ဍများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုမြှင့်တင်ရန်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

တွေ့ဆုံပွဲများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၄)

  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ မြန်မာနိုင်ငံဆိုင်ရာနီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံနှင့် နီပေါနှစ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေးနှင့် ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားကဏ္ဍအပါအဝင် နှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များအား ဆွေးနွေးခဲ့။

 

 

 

 

Add new comment