နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို မေလ ၉ ရက်တွင် နေပြည်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်ဖိတ်ကြားထားသူများ၊ ရေကြောင်းလူငယ် နှင့် လေကြောင်းလူငယ်မောင်မယ်များ၊ လူရည်ချွန်မောင်မယ်များ၊ ကင်းထောက် လူငယ်များ၊ ကြက်ခြေနီမောင်မယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့ကြပါသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်း အနား တက်ရောက်လာကြသူများသည် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်း၊ နေပြည်တော်မှ ကျောင်းသား၊ ကျောင်းသူများ၏ “ပညာဘဏ်တိုက် စာကြည့် တိုက်သို့သွားကြစို့” တေးသီချင်းဖြင့်သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး စာဖတ် ရှိန်မြှင့်တင်ရေးဆိုင်ရာ “Video Clip” ကိုကြည့်ရှုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • စာပေတတ်မြောက်မှုမရှိခြင်းသည် လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက် ရန်အတွက် အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှု စာရင်းများအရ စာတတ်မြောက်မှု ရာခိုင်နှုန်းအရ ပျမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်းခန့်သည် စာတတ်မြောက်မှု ရှိသည်ကိုတွေ့ရကြောင်း။
  • မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့်လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ် မည်ဖြစ်ကြောင်း။
  • နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်များပေါကြွယ်ဝရန် လိုအပ် ကြောင်းနှင့် ကမ္ဘာပေါ်ရှိဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတိုင်းသည် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများကို နိုင်ငံရေးယဉ်ကျေးမှု အနေဖြင့်သာ ဖြေရှင်းဆောင်ရွက်နိုင်ကြသော်လည်း ပညာတတ် နည်းပါးသည့် နိုင်ငံများတွင် ပဋိပက္ခများဖြစ်ပေါ်နေမည်ပင်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံအနေဖြင့် ပညာရည်မြှင့်တင်ရေးလှုပ်ရှားမှုများကို မဖြစ်မနေအားပေး မြှင့်တင်ရန်လိုအပ်သောကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်မှ အစပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန် မြှင့်တင်ရေးလှုပ်ရှားမှု” များကိုဆောင်ရွက်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်း။
  • စာဖတ်ရှိန်မြှင့်တင်မှုနှင့်ပတ်သက်၍ အွန်လိုင်းမီဒီယာများ၌ စာပေဖတ်ရှုနိုင်သည် ဖြစ်သော်လည်း အဆိပ်အတောက်သတင်းအချက်အလက်များ လွှမ်းမိုးနေသည် ဖြစ်၍ မိမိဘဝကိုအကျိုးရှိစေမည့် စာပေများကိုသာ ရွေးချယ်ဖတ်ရှုလေ့လာရန် လိုကြောင်း။
  • လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်သည့် စာအုပ် စာပေများကို ရွေးချယ်ဖတ်ရှုရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ စာသင်ကျောင်း များတွင် စာကြည့်တိုက်များဖွင့်လှစ်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများကို လည်းဆောင်ရွက်ပေးရန်လိုကြောင်း။
  • စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများနှင့် စာအုပ်စာစောင် များလှူဒါန်းခဲ့ကြသည့် အလှူရှင်များအားလုံး၏ လှူဒါန်းမှုသည် စဉ်ဆက်မပြတ် သည့်၊ မွန်မြတ်သည့် အသိပညာဒါနအလှူဖြစ် သည့်အတွက် ဘဝတစ်သက်တာ အထောက်အကူပြုသော လှူဒါန်းခြင်းဖြစ်သဖြင့် အထူးပင်ကျေးဇူးတင်ရှိသည်ကို ပြောကြားလိုကြောင်း။
  • မိမိတို့စတင်တာဝန်ယူဆောင်ရွက်ချိန်တွင် နေပြည်တော်ကို Green City ၊ Clean City၊ Smart City ဖြစ်စေရန်နှင့် Smokeless Industry များအကောင်အထည် ဖော်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုအထဲတွင် ပညာရေးမြို့တော်အဖြစ် တည်ဆောက်နိုင်ရေးအတွက်လည်း အားပေးဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များကို လည်း တိုးချဲ့တည်ဆောက်ဖွင့်လှစ်ပေးခဲ့ကြောင်း။
  • နေပြည်တော်ကိုဗဟိုပြု၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှား မှု”  များကိုအားပေးဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်အဆောက် အဦများ တိုးချဲ့ဆောက်လုပ်နိုင်ရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး မိသားစုမှ အလှူငွေများကိုပေးအပ်လှူဒါန်းရာ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် အလှူရှင်များက စာကြည့်တိုက် အဆောက်အဦများ တိုးချဲ့ဆောက်လုပ်နိုင်ရေးအတွက် အလှူငွေများကို အသီးသီး ပေးအပ်လှူဒါန်းကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ယင်းနောက် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု”အဖြစ် ၁၉၇၄ ခုနှစ်၊ တက္ကသိုလ် ပထမနှစ် လူရည်ချွန်ဟောင်းတစ်ဦးဖြစ် သည့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်အငြိမ်းစား၊ အမျိုးသားစာပေဆု၊ ဆရာဝန် တင်ရွှေဆု၊ စာပေဗိမာန်စာမူဆုရှင် စာရေးဆရာ ဆရာကြီး ဒေါက်တာ မောင်သင်း က  စာပေတန်ဆောင် လူသားအလင်းရောင်ခေါင်းစဉ်ဖြင့် စာပေလေ့လာဖတ်ရှုမှု အကျိုးကျေးဇူးများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ၏ “ဘက်စုံပညာရည်တို့လှမ်းချီ” တေးသီချင်း ဖြင့် ဖျော်ဖြေတင်ဆက်မှုများ ကြည့်ရှုအားပေးခဲ့ကြပြီး ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် ဓာတ်ပုံမှတ်တမ်းများအား စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ ကြ ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၀-၅-၂၀၂၄)

  • စာပေတတ်မြောက်မှုမရှိခြင်းသည် လူတစ်ဦးချင်းစီ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရန် အတွက် အခက်အခဲများ ကြုံတွေ့နိုင်။
  • မိမိတို့နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်အောင်မြင်စေရန် ဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အသိုင်းအဝိုင်း၊ သာယာဝပြောသည့် အသိုက်အဝန်းနှင့် မြန်မာနိုင်ငံကို ကမ္ဘာနှင့်ယှဉ်ပြိုင်နိုင်သည့်လူ့ဘောင်တည်ဆောက်နိုင်ရန်အတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ် မည်ဖြစ်။
  • မိမိတို့စတင်တာဝန်ယူဆောင်ရွက်ချိန်တွင် နေပြည်တော်ကို Green City Clean CitySmart City ဖြစ်စေရန်နှင့် Smokeless Industry များအကောင်အထည် ဖော်နိုင်ရေးဆောင်ရွက်ခဲ့၊ ပညာရေးမြို့တော်အဖြစ် တည်ဆောက်နိုင်ရေးအတွက် လည်း အားပေးဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များကိုလည်း တိုးချဲ့တည်ဆောက် ဖွင့်လှစ်ပေးခဲ့။

Add new comment