နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို မေလ ၈ ရက် တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (ဘီ) ရုံ၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်အမှာစကားပြောကြား ခဲ့ရာတွင်-

  • မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာ ထောက် ထားမှု အကူအညီများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက် ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူပါကြောင်း။
  • နိုင်ငံတော်ကလက်မှတ်ရေးထိုးထားသည့် ဂျီနီဗာသဘောတူညီချက်များနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ/ လခြမ်းနီလှုပ်ရှားမှုများ၏ ဥပဒေသများအရ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးထားပြီး ဖြစ်သည့်အတွက် ကြက်ခြေနီ အခြေခံမူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပေးကြ ရန် တိုက်တွန်းမှာကြားလိုကြောင်းနှင့် ကြက်ခြေနီလှုပ်ရှားမှုတွင် ပါဝင်ကူညီသူ အားလုံး ကိုယ်ကျန်းမာစိတ်ချမ်းသာစွာဖြင့် အများအကျိုးကို ဆတက်ထမ်းပိုး ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်တို့နှင့်အတူ  ဆုရရှိသူများအား ဂုဏ်ပြု ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်း အနားသို့ တက်ရောက်လာသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ကမ္ဘာ့ ကြက်ခြေနီနေ့အထိမ်းအမှတ်ပြခန်းများ၊ ကြက်ခြေနီပစ္စည်းအရောင်းကောင်တာ၊ ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ခြင်းဆိုင်ရာ ပစ္စည်းများပြခန်းနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာ ပစ္စည်းပြခန်းတို့ကို လိုက်လံကြည့်ရှုခဲ့ကြပါသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တွဲဖက်စစ်ရေးချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၄)

  • ၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဗိုလ်ချုပ်ကြီး မြထွန်းဦးတက်ရောက်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို ကြက်ခြေနီအခြေခံမူများ နှင့်အညီ ကူညီဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့။

 

 

 

Add new comment