၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ယခုဘဏ္ဍာနှစ်စ ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပသို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၃၁၁ ဒသမ ၄၆၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၅၅ သန်းရရှိခဲ့၊ နယ်စပ် ကုန်သွယ်မှုမှ ပုစွန်မက်ထရစ်တန် ၁၁ ဒသမ ၁၁ တန်တင်ပို့ပြီး အမေရိကန်‌ ဒေါ်လာ သုည ဒသမ ၀၆၆ သန်းရရှိသည့်အတွက် စုစုပေါင်း ပုစွန်မက်ထရစ်တန် ၃၂၂ ဒသမ ၅၇၈ တန်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၁ သန်း ရရှိခဲ့။
  • မေလ ၈ ရက်တွင် ပြည်ပသို့ ပြောင်းဖူးစေ့တန်ချိန် ၆,၀၀၀ နှင့် ပဲတန်ချိန် ၉,၄၀၀  တင်ပို့ခဲ့။
  • မေလ ၁၀ ရက်တွင် ပြည်ပသို့ ပြောင်းဖူးစေ့တန်ချိန် ၂၂၀,၁၀၀ နှင့် ဆန်တန်ချိန် ၁၀,၈၅၀ တင်ပို့သွားမည်ဖြစ်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံပေါင်း ၄၀ ကျော်သို့ ပုံမှန် တင်ပို့လျက်ရှိကြောင်းသိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၅-၂၀၂၄)

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၃၀ ရက်အထိ တစ်လတာကာလအတွင်း ပြည်ပ သို့ ပုစွန်တင်ပို့မှုအနေဖြင့် ပုစွန်မက်ထရစ်တန် ၃၂၂ ဒသမ ၅၇၈ တန်တင်ပို့ထား ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၁ သန်း ရရှိခဲ့။
  • မေလ ၈ ရက်တွင် ပြည်ပသို့ ပြောင်းဖူးစေ့တန်ချိန် ၆,၀၀၀ နှင့် ပဲတန်ချိန် ၉,၄၀၀  တင်ပို့ခဲ့။
  • မေလ ၁၀ ရက်တွင် ပြည်ပသို့ ပြောင်းဖူးစေ့တန်ချိန် ၂၂၀,၁၀၀ နှင့် ဆန်တန်ချိန် ၁၀,၈၅၀ တင်ပို့သွားမည်ဖြစ်။

Add new comment