တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများ ရေးသားဖြန့်ဝေလျက်ရှိ

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော ရေဦးမြို့ပေါ်ရှိ ဒေသခံ အမျိုးသား ၉ ဦးအား စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားဟူသည့်သတင်းနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် စစ်မှုထမ်းဆောင်ရန်အတွက် ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်ခြင်း၊ အဓမ္မဖိအားပေးစုဆောင်းခြင်းများ လုပ်ဆောင်ခြင်းမရှိကြောင်းနှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ RFA Burmese မှ တင်ထားသော ကလေးမြို့နယ်ရှိ ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး နေအိမ် များမီးရှို့ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ရန် အဆိုပါကျေးရွာ အနီးသို့ရောက်ရှိစဉ် အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများလုပ်ဆောင် ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှား ဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမား များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် နယ်မြေလုံခြုံရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါကျေးရွာရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Myanmar Pressphoto Agency မှ တင်ထားသော မေလ ၂ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းကျေးရွာ အတွင်းသို့  လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၃ ဦးထက်မနည်း သေဆုံးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုသာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ ဝင်များအနေဖြင့် ၎င်းရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မတ္တရာမြို့နယ်၊ ချောင်းတော်ဝ ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါကျေးရွာအနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သမားများက စာသင်ကျောင်းအတွင်းမှနေ၍ စတင်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သမားများက ဆုတ်ခွာထွက်ပြေးစဉ် လမ်းတစ်လျှောက်ရှိ နေအိမ် များအား မီးရှို့ခဲ့ကြောင်းနှင့် ၎င်းစာသင်ကျောင်းအတွင်းမှ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Shwe Phee Myay News Agency မှ တင်ထားသော ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ အဆိုပါကျေးရွာအား တပ်မတော်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ Tachileik News Agency မှ တင်ထားသော ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာမှ ဒေသခံပြည်သူ ၉ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်း အဖြစ် ဖမ်းဆီးထားဟူသည့်သတင်းသည် မှန်ကန်မှုမရှိသည့် သတင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ် သိက္ခာကျဆင်းစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရ။

နိုင်ငံတော်အစိုးရမှ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ် သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက မိဘပြည်သူများ၊ လူငယ်လူရွယ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အဖွဲ့အစည်းများအပေါ် စိုးရိမ်ထိတ်လန့်စေရန်နှင့် ရွံရှာမုန်းတီးစေရန်အတွက် အမျိုး မျိုးသော မဟုတ်မမှန်ကောလာဟလသတင်းအမှားများကို အွန်လိုင်း‌ပေါ်မှ ဝါဒဖြန့်လှုံ့ ဆော်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၅-၂၀၂၄)

  • ရေဦးမြို့ပေါ်ရှိ ဒေသခံအမျိုးသား ဦးအား စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင် သွားဟူသည့်သတင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
  • ကလေးမြို့နယ်ရှိ ပြည်တော်သာကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းပြီး နေအိမ်များမီးရှို့ခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး၊ လက်နက် ငယ်ကျည်များသည် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရ။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာအတွင်း ရှာဖွေ စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
  • လုံခြုံရေးတပ်ဖွဲ့ဝင်များက သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းကျေးရွာအတွင်းသို့  လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ဦးထက်မနည်း သေဆုံးခဲ့ဟူ သည့်သတင်းသည် လုပ်ကြံသတင်းအတုသာဖြစ်။
  • ချောင်းတော်ဝကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် သမားများ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်သမားများက ဆုတ်ခွာထွက် ပြေးစဉ် လမ်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ခဲ့ခြင်းသာဖြစ်။
  • ကျောက်တော်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော် ပါးနှင့် ပြည်သူ ဦးသေဆုံးခဲ့ဟူသည့်သတင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် လေ ကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
  • ဆီဆိုင်မြို့နယ်၊ ထီဗွာကျေးရွာမှ ဒေသခံပြည်သူ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားဒိုင်းအဖြစ် ဖမ်းဆီးထားဟူသည့်သတင်းသည် မှန်ကန်မှုမရှိသည့်သတင်း ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရ။

Add new comment