၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင် ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-

  • ဧပြီလ ၁ ရက်မှ ၃၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၃၁၉.၇၈ ကီလို၊ ဘိန်းဖြူ ၁၇.၉၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၅,၃၉၇,၁၀၂ ပြား၊ စိတ်ကြွရူး သွပ်ဆေးပြားအကြေ ၀.၀၀၁ ကီလို၊ အိုက်စ် ၂၈၃.၀၃ ကီလို၊ ဆေးခြောက် ၉၁.၃၉ ကီလို၊ ဘိန်းဆီခဲ ၁.၅၁ ကီလို၊ အဆင့်နိမ်ဘိန်း ၀.၀၂ ကီလို၊ ဘိန်းစာရွက် ၃၀.၂၁ ကီလို၊ ဘိန်းစာမှုန့် ၃၈.၃၆ ကီလို၊ ဘိန်းစာရည် ၄၇.၇၅ လီတာ၊ အက်တက်စီဆေးပြား ၂၂,၅၇၉ ပြား၊ ကက်တမင်း ၂၂.၃၃ ကီလို၊ ဆာလဖျူရစ် အက်စစ် ၁၇၆ လီတာ၊ Happy Water ၃၃.၇၄ ကီလို၊ Ammonium Nitrate ၁၆,၀၀၀ ကီလိုနှင့် Toluene ၄၄၀ လီတာ၊ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း ၄၁,၉၈၉.၂၆၄ (US$ ၁၉.၉၉၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး နိုင်ခဲ့ပြီး တရားခံအမျိုးသား ၄၄၇ ဦး၊ အမျိုးသမီး ၈၄ ဦး၊ စုစုပေါင်းတရားခံ ၅၃၁ ဦး ဖမ်းဆီးရမိခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လအတွင်း မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းငွေကျပ်သန်းပေါင်း ၂၈,၆၉၃.၄၁ (US$ ၁၃.၆၆၃ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ စုစုပေါင်း တရားခံ ၆၅၁ ဦးဖမ်းဆီးရမိခဲ့ပြီး ဧပြီလနှင့်နှိုင်းယှဉ်ရာတွင် မူးယစ်ဆေးဝါးတန်ဖိုး ငွေကျပ်သန်းပေါင်း  ၁၃,၂၉၅.၈၅၄ (US$ ၆.၃၃၁ သန်းကျော်) ပိုမိုဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်း ပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၅-၂၀၂၄)

  • ဧပြီလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေကျပ် သန်းပေါင်း ၄၁,၉၈၉.၂၆၄ (US$ ၁၉.၉၉၄ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၄၄၇ ဦး၊ အမျိုးသမီး ၈၄ ဦး၊ စုစုပေါင်းတရားခံ ၅၃၁ ဦးအား ဖမ်းဆီးရမိခဲ့။

Add new comment