မုံရွာမြို့နှင့် ကျိုက်မရောမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများ ပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များမီးလောင်ပျက်စီးခဲ့သဖြင့် ဒေသခံပြည်သူများက မိမိတို့နေရပ်များကို စွန့်ခွာ၍ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြရပါသည်။

ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးနှင့် စားဝတ်နေရေးကိစ္စရပ်များ အဆင်ပြေစေရေးတို့ အတွက် သက်ဆိုင်ရာပြည်နယ်အစိုးရများ၏ စီမံကြီးကြပ်ဆောင်ရွက်မှုဖြင့် မေလ ၇ ရက်တွင်-

  • မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့က မုံရွာမြို့ရှိ ယာယီနေရပ်စွန့်ခွာသူ ၂,၂၉၃ ဦးအတွက် စုစုပေါင်းဆန် ၂,၁၄၉ အိတ်၊ ၁၆ ပြည်၊ ၄ ဘူးထောက်ပံ့ ပေးအပ်ခဲ့။
  • မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုက်မရောမြို့နယ်ရှိ ဓမ္မဿ ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာသူများ ၎င်းတို့ နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် လိုအပ် သည်များကို  ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။

လက်ရှိတွင် နယ်မြေအေးချမ်းတည်ငြိမ်လာပြီဖြစ်သည့်အတွက် ယာယီနေရပ် စွန့်ခွာသူများ ၎င်းတို့နေရပ်များသို့ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် ပြည်နယ် အစိုးရအနေဖြင့် ကျေးရွာအတွင်း ပျက်စီးယိုယွင်းခဲ့သော နေအိမ်အဆောက်အအုံများအား အမိုးအကာများဖြင့် လုံခြုံစွာပြန်လည်နေထိုင်နိုင်ရေးနှင့် လိုအပ်သည့် လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို အတက်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၅-၂၀၂၄)

  • မုံရွာမြို့နှင့် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အကြမ်းဖက်သမား များနှင့် သောင်းကျန်းသူများက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် များမီးလောင်ပျက်စီးခဲ့သဖြင့် ဒေသခံပြည်သူများက မိမိတို့နေရပ်များကို စွန့်ခွာ၍ ယာယီပြောင်းရွှေ့နေထိုင်ခဲ့။
  • မုံရွာခရိုင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့က မုံရွာမြို့ရှိ ယာယီနေရပ်စွန့်ခွာသူ ,၂၉၃ ဦးအတွက် စုစုပေါင်းဆန် ,၁၄၉ အိတ်၊ ၁၆ ပြည်၊ ဘူးထောက်ပံ့ ပေးအပ်ခဲ့။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုက်မရောမြို့နယ်ရှိ ယာယီ နေရပ်စွန့်ခွာသူများအား ၎င်းတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်အခြေ ချနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။

Add new comment