ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးလွင်ဦးတို့သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sesseraအား မေလ ၇ ရက်တွင် သက်ဆိုင်ရာဝန်ကြီးဌာနတို့၌ အသီးသီး လက်ခံတွေ့ဆုံခဲ့ပါသည်။

  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီး ဌာနနှင့် ICRC  တို့အကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့်ကိစ္စ၊ ခြေတုလက်တုထုတ်လုပ်ရေးနှင့် တပ်ဆင်ရေး အလုပ်ရုံများ အဆင့်မြှင့်တင်ရေးနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စ၊ ကျွမ်းကျင်ပညာရှင်များ မွေးထုတ်နိုင်ရေး အသိပညာဖလှယ်ခြင်းနှင့် သင်တန်းပို့ချရေးဆိုင်ရာကိစ္စ၊  ICRC မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။
  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ ICRC က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာပေးနိုင်ရေးနည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့။

          တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်း ဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် ICRC ဒုတိယဌာနေကိုယ်စား လှယ်  Mr. Christophe Ami Leon Taramarcaz တို့ တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၅-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးများ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)၏ မြန်မာ နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်အား အသီးသီးလက်ခံတွေ့ဆုံခဲ့ပြီး ကျန်းမာရေး ဝန်ကြီးဌာနနှင့် ICRC  တို့အကြား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့်ကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုထိရောက်စွာပေးနိုင်ရေးနည်းလမ်းများအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment