၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် နယ်စပ်ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၁၉ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၈၉၄ သန်း ရရှိခဲ့သဖြင့် ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၀၅.၆၆၅ သန်းပိုမိုရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၁,၁၀၀ ခန့်ရရှိနိုင်စေရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့်စပါးစိုက်တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိ။

မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်တောထွက်ပစ္စည်း၊ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန် ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြား ပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၁၉ ရက်အထိ ပြည်ပ ပို့ကုန် စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၇ ဒသမ ၈၂၉ သန်းရရှိခဲ့ကြောင်း သိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၄)

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၁၉ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၈၉၄ သန်း ရရှိခဲ့သဖြင့် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၀၅.၆၆၅ သန်း ပိုမိုရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၁၉ ရက်အထိ ပြည်ပပို့ကုန် စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၅၇ ဒသမ ၈၂၉ သန်းရရှိခဲ့။
  • ယခုဘဏ္ဍာနှစ် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၁,၁၀၀ ခန့်ရရှိနိုင်စေရန်အတွက် အစိုးရ၊ ပုဂ္ဂလိကနှင့်စပါးစိုက်တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိ။

Add new comment