သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းအခမ်းအနား ကျင်းပ

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် စက်မှုဝန်ကြီး ဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းတို့အကြား အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) အတွက် သဘာဝဓာတ်ငွေ့ ဝယ်ယူ၊ ရောင်းချမှု သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မေလ ၆ ရက်တွင် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့ပါသည်။

ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှာ စကားပြောကြားခဲ့ရာတွင်-

  • အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) မှ ထုတ်လုပ်သော ပိတ်ဖြူ၊ ပိတ်ညို များကို အဖြူချွတ်ပြီး ဂျပန်နိုင်ငံ ဆူရာတိုမိုကုမ္ပဏီလီမိတက်နှင့် အကျိုးတူ ပူးပေါင်း၍ ဆေးဆိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်တွင်း၌ လိုအပ်သော အထည်များချုပ်လုပ်နိုင်ရန်အတွက် ပိတ်များရက်လုပ်ခြင်းကို လည်း ဆောင်ရွက်လျက်ရှိကြောင်း။
  • သဘာဝဓာတ်ငွေ့ရရှိပါက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင် မည့်အပြင် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးများသည်လည်း တိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနမှ ပို့လွှတ်သည့် သဘာဝ ဓာတ်ငွေ့များကို အကျိုးရှိ ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက-

  • အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ များကို ရေနံချောင်းမြို့ရှိ ခွဲလွှတ်ရုံ (Off-take) မှ ပေးပို့နိုင်ရေးအတွက် သီးသန့် ပိုက်လိုင်းတစ်ခု တည်ဆောက်ပေးခဲ့ကြောင်း။
  • သဘာဝဓာတ်ငွေ့၊ ရေနံများကို ကန့်သတ်ချက်များဖြင့် ထုတ်ယူနေရသည့်အတွက် ပို့လွှတ်သည့် သဘာဝဓာတ်ငွေ့များကို အကျိုးရှိထိရောက်စွာ သုံးစွဲစေလို ကြောင်း။
  • စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနရှိ စက်ရုံ ၁၂ ရုံ သို့ တစ်နှစ်လျှင် ၃၀ ကုဗပေသန်း ပို့လွှတ်ပေးလျက်ရှိကြောင်းနှင့် လိုအပ်ချက်များရှိပါက ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၄)

  • အမှတ် () အထည်စက်ရုံ (ရွှေတောင်) မှ ထုတ်လုပ်သော ပိတ်ဖြူ၊ ပိတ်ညို များကို အဖြူချွတ်ပြီး ဂျပန်နိုင်ငံ ဆူရာတိုမိုကုမ္ပဏီလီမိတက်နှင့် အကျိုးတူ ပူးပေါင်း၍ ဆေးဆိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ။
  • အမှတ် () အထည်စက်ရုံ (ရွှေတောင်) အတွက် လိုအပ်သော သဘာဝဓာတ်ငွေ့ များကို ရေနံချောင်းမြို့ရှိ ခွဲလွှတ်ရုံ (Off-take) မှ ပေးပို့နိုင်ရေးအတွက် သီးသန့် ပိုက်လိုင်းတစ်ခု တည်ဆောက်ပေးခဲ့။
  • စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနရှိ စက်ရုံ ၁၂ ရုံ သို့ တစ်နှစ်လျှင် ၃၀ ကုဗပေသန်း ပို့လွှတ်ပေးလျက်ရှိ။

 

 

 

 

Add new comment