၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပပြုလုပ်လျက်ရှိ

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားငွေ တိုးတက်ရရှိစေရေး၊ နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင် များ ငွေကြေးလည်ပတ်မှု ကောင်းမွန်စေရေး၊ ပြည်တွင်း၌ ပုလဲများ ရောင်းချခြင်းအား ဖြင့် နိုင်ငံသားပုလဲကုန်သည်များ ငွေကြေးစီးဆင်းမှု ကောင်းမွန်စေရေးနှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးတို့အတွက် မေလ ၃ ရက်မှ ၁၂ ရက် အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိရာ-

  • ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့တွင် ကျောက်မျက်အတွဲ (၁) မှ (၁၆၀) အထိ ခင်းကျင်းပြသထားပြီး ကျောက်မျက်အတွဲပေါင်း ၈၈ တွဲရောင်းချနိုင်ခဲ့။

          ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၊  (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁,၀၀၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁,၇၅၀ နှင့် (C) အုပ်စုမှကျောက်စိမ်းအတွဲ   ၁,၈၀၀ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း ၄,၅၅၀   တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး လျက်ရှိကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၄)

  • (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်မှ ၁၂ ရက် အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး မေလ ၆ ရက်အထိ ပုလဲအတွဲပေါင်း ၃၇၉ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၈၈ တွဲရောင်းချနိုင်ခဲ့။

Add new comment