ကျောက်ဆည်မြို့နယ်တွင် ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၅,၀၀၀ ကီလို (၅ တန်) ဖမ်းဆီးရမိ

နိုင်ငံတစ်ဝန်းလုံးရှိ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါသော ပူးပေါင်းအဖွဲ့များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများ၊ မူးယစ်ဆေးဝါးရောင်း ဝယ်ဖောက်ကားခြင်းများကို တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင် ရွက်လျက်ရှိရာ-

  • မေလ ၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရွာငံ-ဟန် မြင့်မိုရ်သွားကားလမ်း၊  သံရွာအနီး ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ မင်းမင်းခိုင် မောင်းနှင်ပြီး အောင်ထွန်းနိုင်လိုက်ပါလာသည့် NISSAN DIESEL ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို သတင်းရရှိသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းတို့မှာ ထွက်ပြေး ခဲ့သောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့။
  • အဆိုပါယာဉ်၏ ဆီများထည့်သည့် အကန့် ၂ ကန့်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅,၀၀၀  ကီလို (၅ တန်) ကို သိမ်းဆည်းရမိခဲ့။
  • ဖမ်းဆီးရမိတရားခံများ၏ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ အိုက်စ် (မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ် ဆောင်ပြီး ပင်လယ်ရေကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ် မည်ဖြစ်ကြောင်း သိရှိရ။

တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံအား ဥပဒေနှင့်အညီ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၄)

  • ကျောက်ဆည်မြို့နယ်တွင် ကာလဒေသတန်ဖိုးငွေကျပ် ၁၀၀ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ,၀၀၀ ကီလို ( တန်) ကိုသိမ်းဆည်းရမိခဲ့ပြီး ၎င်းတို့အား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်၍ ပင်လယ်ရေ ကြောင်းမှတစ်ဆင့် ပြည်ပသို့ သယ်ဆောင်ရောင်းဝယ်မည်ဖြစ်ကြောင်း သိရှိရ။

Add new comment