ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများ ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းများကို ဧပြီလ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ-

  • မေလ ၁ ရက်တွင် မိုးညိုမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၂ ခုမှ ပြည်သူ ၂၉၇ ဦး၊ မင်းလှမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၆ ခုမှ ပြည်သူ ၂၃၆ ဦး၊ စုစုပေါင်း ၅၃၃ ဦး။
  • မေလ ၂ ရက်တွင် ကြို့ပင်ကောက်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၉ ခုမှ ပြည်သူ ၂၄၃ ဦး၊ အုတ်ဖိုမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၃ ခုမှ ပြည်သူ ၃၃၂ ဦး၊ စုစုပေါင်း ၅၇၅ ဦး။
  • မေလ ၃ ရက်တွင် ဇီးကုန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၄ ခုမှ ပြည်သူ ၃၁၃ ဦး၊ နတ်တလင်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၄ ခုမှ ပြည်သူ ၃၄၄ ဦး၊ စုစုပေါင်း ၆၅၇ ဦး။
  • မေလ ၄ ရက်တွင် ပေါင်းတည်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၆ ခုမှ ပြည်သူ ၃၂၀ ဦး၊ သဲကုန်းမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၃ ခုမှ ပြည်သူ ၃၄၄ ဦး၊ စုစုပေါင်း ၆၆၄ ဦး။
  • မေလ ၅ ရက်တွင် ပြည်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၉ ခုမှ ပြည်သူ ၃၀၄ ဦး၊ ပေါက်ခေါင်းမြို့နယ်ရှိ  ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၈ ခုမှ ပြည်သူ ၃၇၂ ဦး၊ စုစုပေါင်း ၆၇၆ ဦး။
  • မေလ ၆ ရက်တွင် ရွှေတောင်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၁ ခုမှ ပြည်သူ ၃၃၁ ဦး၊ ပန်းတောင်းမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၉ ခုမှ ပြည်သူ ၃၀၆ ဦး၊ စုစုပေါင်း ၆၃၇ ဦးတို့ လက်တွေ့စမ်းသပ်မဲပေးလေ့လာခဲ့။

စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ရသည့် အတွေ့အကြုံများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့်အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက်များ ပေးခဲ့ကြောင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းအစီအစဉ်ကို ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မြို့နယ်များတွင် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၄)

  • မေလ ရက်မှ ရက်အထိ ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူ ,၇၄၂ ဦးအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ ခြင်းများ ဆောင်ရွက်ပေးခဲ့။
  • စမ်းသပ်မဲပေးသူများက ယခင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ရသည့် အတွေ့အကြုံများနှင့် မဲရုံအဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများအရ နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ပိုမိုကောင်းမွန်စေမည့် အကြံပြုချက် များပေးခဲ့။

Add new comment