ညောင်လေးပင်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ အကြမ်းဖက်သမားများက လက်လုပ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့

မေလ ၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့အတွင်းသို့ KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် မြို့မ (၂) နှင့် မြို့မ (၃) ရပ်ကွက်များသို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါရပ်ကွက်များအတွင်းရှိ အပြစ်မဲ့ဒေသခံပြည်သူများ၏ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

အကြမ်းဖက်သမားများအနေဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားများ ရပ်တန့်စေ ရန်နှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့နယ်၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများ၊ အဆောက်အဦများနှင့် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီး ခြင်းများသည် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များဖြစ်သဖြင့် အပြစ်မဲ့ပြည်သူများ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုများကြောင့် ပြည်သူတစ်ရပ်လုံးက ၎င်းတို့၏ လုပ်ရပ်များအပေါ် ဝေဖန်ပြစ်တင်ရှုတ်ချ၍ ရွံရှာမုန်းတီးလျက်ရှိပါသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၇-၅-၂၀၂၄)

  • KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံအကြမ်းဖက်သမား များက လက်လုပ်ရှော့ တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့်အပြစ်မဲ့ဒေသခံပြည်သူများ ၏ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့။

Add new comment