၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော် အတွက် နိုင်ငံခြားငွေ တိုးတက်ရရှိစေရေး၊ နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင် များ ငွေကြေးလည်ပတ်မှု ကောင်းမွန်စေရေး၊ ပြည်တွင်း၌ ပုလဲများ ရောင်းချခြင်းအား ဖြင့် နိုင်ငံသားပုလဲကုန်သည်များ ငွေကြေးစီးဆင်းမှု ကောင်းမွန်စေရေးနှင့် နိုင်ငံသားများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးတို့အတွက် မေလ ၃ ရက်မှ ၁၂ ရက် အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိရာ-
- ကျောက်မျက်ရတနာပြပွဲ ပထမနေ့တွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များ က ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများ နှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုခဲ့ပြီး မေလ ၄ ရက်တွင် ရောင်းချမည့် ပုလဲအတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းခဲ့။
- ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲအမှတ် (၁) မှ အတွဲအမှတ် (၂၀၀) အထိ ခင်းကျင်းပြသထားပြီး ပုလဲအတွဲပေါင်း ၁၈၂ တွဲရောင်းချနိုင်ခဲ့။
- ကျောက်မျက်ရတနာပြပွဲ တတိယနေ့တွင် ပုလဲအတွဲအမှတ်(၂၀၁)မှ အတွဲအမှတ် (၄၀၀) အထိ ခင်းကျင်းပြသထားပြီး ပုလဲအတွဲပေါင်း ၁၉၇ တွဲ ရောင်းချနိုင်ခဲ့။
ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၄၀၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀၊ (A) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁,၀၀၀၊ (B) အုပ်စုမှ ကျောက်စိမ်းအတွဲ ၁,၇၅၀ နှင့် (C) အုပ်စုမှကျောက်စိမ်းအတွဲ ၁,၈၀၀ စုစုပေါင်း ကျောက်စိမ်းအတွဲပေါင်း ၄,၅၅၀ တို့ကို ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး လျက်ရှိကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၅-၂၀၂၄)
- (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်မှ ၁၂ ရက် အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိပြီး မေလ ၅ ရက်အထိ ပုလဲအတွဲပေါင်း ၃၇၉ တွဲ ရောင်းချနိုင်ခဲ့။
Add new comment