ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ကျင်းပ သည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့်သို့တက်ရောက်

ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် အင်ဒိုနီးရှားနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက် သည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့် တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့် (2nd UN Tourism Conference on the Empowerment of Women in Tourism in Asia and the Pacific)ကို မေလ ၂ ရက်မှ ၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International Convention Center (BICC) ၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက် ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်

  • မေလ ၂ ရက် နံနက်ပိုင်းတွင် Bali International Convention Center (BICC)၌ ကျင်းပသည့် “အာရှနှင့်ပစိဖိတ်ဒေသ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်း ဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ်ကွန်ဖရင့်” သို့ တက်ရောက်ခဲ့။
  • အဆိုပါကွန်ဖရင့်၏ ပထမနေ့ အမျိုးသမီးဝန်ကြီးများအဆင့် စကားဝိုင်းဆွေးနွေးပွဲ တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အင်ဒိုနီးရှားနိုင်ငံ၊ လာအို နိုင်ငံ၊ မော်လဒိုက်နိုင်ငံနှင့် ဆာမိုအာနိုင်ငံတို့မှ တာဝန်ရှိသူများသည် ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသော အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ၊ အောင်မြင်တိုးတက်မှုများနှင့် ကြုံတွေ့ရသည့် အခက်အခဲများအပေါ် ဆွေးနွေးခဲ့။
  • ကွန်ဖရင့် ဒုတိယနေ့ညနေပိုင်းတွင် ကာဗွန်ထုတ်လုပ်မှု လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် ဒီရေတောပျိုးပင်စိုက်ပျိုးခြင်း အစီအစဉ်သို့ တက်ရောက် ပြီး ဒီရေတောပျိုးပင်များကို စိုက်ပျိုးပေးခဲ့။
  • မေလ ၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ အုဘုဒေသရှိ ARMA ပြတိုက်နေရာ သို့ သွားရောက်ကာ ဘာလီရိုးရာ ယဉ်ကျေးမှုအက သင်ကြားနေမှုများ၊ လက်မှု ပန်းပုလက်ရာများ၊ ရှေးခေတ်ပန်းချီဆရာကြီးများ၏ လက်ရာများနှင့် ရေဆေး ဆီဆေး ပန်းချီကားများ လက်တွေ့ရေးဆွဲ ဆောင်ရွက်နေမှုကို ကြည့်ရှုလေ့လာခဲ့ ပြီး မေလ ၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့။

အဆိုပါကွန်ဖရင့်တွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့၊ အာရှပစိဖိတ်ဒေသတွင်း ဌာန ညှိနှိုင်းရေးမှူး၊ မကာအိုခရီးသွားဌာန၊ အင်ဒိုနီးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိန္ဒိယ နိုင်ငံတို့၏ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဩစတြေးလျ နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ခရီးသွားလုပ်ငန်းဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်နှင့် ပညာရေးအဖွဲ့အစည်းများမှ တာဝန်ရှိ သူများက ဒေသတွင်းနိုင်ငံများ၏ ခရီးသွားလုပ်ငန်းကဏ္ဍတွင် အမျိုးသမီးများ၏ ဆောင် ရွက်ချက်များ၊ ပညာရေးနှင့် လေ့ကျင့်သင်ကြား ခြင်း၏ အမျိုးသမီးများ ခရီးသွားလုပ်ငန်း တွင် ပါဝင်မှုအပေါ် သက်ရောက်မှု၊ ခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများဘေးကင်း လုံခြုံစွာ ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

အဆိုပါ ကွန်ဖရင့်ကို “အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း အနာဂတ်အား ဖော်ဆောင်ရာတွင် အမျိုးသမီးဦးဆောင်သူများ၏ စွမ်းဆောင်ရည်များ” (“Woman-Led Initiatives Shaping The Future of Inclusive and Sustain-able Tourism”) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ခရီးသွားလုပ်ငန်းကဏ္ဍတွင် အမျိုးသမီး များဦးဆောင်နိုင်မည့် အခွင့်အလမ်းနှင့် အစီအစဉ်များကို ရှာဖွေဖော်ထုတ်သွားရန် ရည် ရွယ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၅-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် အာရှနှင့် ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး ဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့်သို့ တက်ရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်း ကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေကြသော အမျိုးသမီးများ၏ စွမ်းဆောင်ရည်များ၊ အောင်မြင် တိုးတက်မှုများနှင့် ကြုံတွေ့ရသည့် အခက်အခဲ များအပေါ် ဆွေးနွေးခဲ့။
  • ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကာဗွန်ထုတ်လုပ်မှု လျှော့ချ နိုင်ရေးအတွက် ရည်ရွယ်ကျင်းပသည့် ဒီရေတောပျိုးပင်စိုက်ပျိုးခြင်း အစီအစဉ် သို့ တက်ရောက်ခြင်း၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ အုဘုဒေသရှိ ARMA ပြတိုက် နေရာသို့ သွားရောက်လေ့လာခဲ့။

 

Add new comment