ဘူးသီးတောင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များမှ ဘင်္ဂါလီလူမျိုးများက AA သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ဆန္ဒပြ

          ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ် ကိုင်စားသောက်လျက်ရှိသည်ကို AA သောင်းကျန်းသူများက မနာလိုမရှုစိတ်ဖြင့် စစ်ရေး ပစ်မှတ်မဟုတ်သော မြို့၊ ရွာများနှင့် ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် အပြစ်မဲ့ဒေသခံပြည်သူအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံသည့် ဆန့်ကျင်ကန့်ကွက် မှုများကို ဆောင်ရွက်လျက်ရှိရာ မေလ ရက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသော ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီးစုစုပေါင်း ,၀၀၀ ဦးခန့်က အဆိုပါမြို့ရှိ အမှတ် () အခြေခံပညာအထက်တန်းကျောင်းနေရာသို့ စုဝေးပြီး ၎င်းနေရာမှ မေယုလမ်းမ ကြီးအတိုင်း နတ်ပင်ရင်းလမ်းဆုံ၊ ၎င်းမှအေးစေတီလမ်းဆုံနှင့် ဘောလုံးကွင်းလမ်း အတိုင်း၊ ၎င်းနေရာမှ မူလစုရပ်နေရာသို့ ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ ကြပါသည်။

ဆန္ဒဖော်ထုတ်ရာတွင်ဘင်္ဂါလီလူမျိုးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် AA အဖွဲ့အား ICJ မှအရေးယူပေးပါ၊ AA အကြမ်းဖက်အဖွဲ့ ဘင်္ဂါလီလူမျိုးများအား လူသားဒိုင်းပြုလုပ်မှု ချက်ချင်းရပ်၊ AA အကြမ်းဖက်အဖွဲ့ ဘင်္ဂါလီကျေးရွာ၊ ရပ်ကွက် များအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုချက်ချင်းရပ်၊ AA အကြမ်းဖက်အဖွဲ့ တိုက်ပွဲရှောင် နေရာများအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုချက်ချင်းရပ်စသည့် စာသားများပါ ဆိုင်းဘုတ်များကိုင်ဆောင်၍ မြန်မာ/ဘင်္ဂါလီနှစ်ဘာသာဖြင့် ကြွေးကြော်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၄)

  • ဘူးသီးတောင်မြို့ရှိ မြို့ပေါ်ရပ်ကွက်များမှ ဘင်္ဂါလီလူမျိုးများက AA သောင်းကျန်း သူများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ကန့်ကွက်ဆန္ဒပြရာတွင် ဘင်္ဂါလီ လူမျိုးများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်သည့် AA အဖွဲ့အား ICJ မှအရေး ယူပေးပါ၊ AA အကြမ်းဖက်အဖွဲ့ ဘင်္ဂါလီကျေးရွာ၊ ရပ်ကွက်များအား လက်နက် ကြီးဖြင့် ပစ်ခတ်မှုချက်ချင်းရပ်စသည့် စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ မြန်မာ/ဘင်္ဂါလီနှစ်ဘာသာဖြင့် ကြွေးကြော်ခဲ့။

 

 

 

 

Add new comment