ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် လမ်း/တံတားများ ဖောက်လုပ်တည်ဆောက်ပေးလျက် ရှိပြီး အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါ လမ်း/တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရားနည်း ပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိပါသည်။
ဧပြီလ ၂၈ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဆီဆိုင် မြို့နယ်၊ ဆီဆိုင်-စံကားလမ်း(ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြား)ရှိ တံတားအမှတ် ၅/၅ ဝိန်းကောင်သံကူ ကွန်ကရစ်တံတားအား KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့မှုကြောင့် ဆီဆိုင်ဘက်ခြမ်း တံတားအဝင်ကြမ်းခင်းနှင့် တံတားယက်မ ပျက်စီးခဲ့မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်း သိရှိရပါသည်
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တည်ငြိမ်အေးချမ်းလျက်ရှိသော မြို့၊ ရွာ၊ ရပ်ကွက်များ၊ လမ်း/တံတားများအား လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ တိုက်ပွဲများဖော်ဆောင်ခြင်းများ လုပ်ဆောင်လျက် ရှိရာ ၎င်းတို့၏ လုပ်ရပ်များသည် လုံးဝလက်ခံ နိုင်ဖွယ်ရာမရှိသည့် လုပ်ရပ်များ ဖြစ်သဖြင့် ဒေသခံပြည်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၅-၂၀၂၄)
- အကြမ်းဖက်သောင်းကျန်းသူများက ဆီဆိုင်မြို့ရှိ တံတားအမှတ် ၅/၅ ဝိန်းကောင် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ဆီဆိုင် ဘက်ခြမ်းတံတားအဝင်ကြမ်းခင်းနှင့် တံတားယက်မ ပျက်စီးခဲ့မှုကြောင့် မော်တော် ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိ။
Add new comment