ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကျောင်းအားလုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ထမ်းများအား အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေး

          ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မေလ ရက်တွင် နေပြည်တော်ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူး များနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက-

  • ဇွန် ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံ ပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်း များအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း။
  • ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • အခြေခံပညာကျောင်းများတွင် စာသင်ကြားရုံသာမက အားကစားချိန်တွင် အမှန် တကယ် အားကစားပြုလုပ်ကြရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ရန် အချိန်ဇယားတွင် ထည့်သွင်းရေးဆွဲကျင့်သုံးကြရမည်ဖြစ်ကြောင်း။
  • ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ပညာတတ်စေရေး၊ ယဉ်ကျေးလိမ္မာ၍ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ တိုင်း ချစ်ပြည်ချစ်စိတ်နှင့် မျိုးချစ်စိတ်ရှိသူများဖြစ်စေရေးအတွက် ပြုစုပျိုးထောင် သင်ကြားပေးကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

ဒုတိယဝန်ကြီးများက ပရောဂျက်အခြေပြု သင်ကြားသင်ယူမှုစနစ် အောင်မြင်အောင် ကြီးကြပ်ရေး၊ နွေးထွေးသော အထက်အောက်ဆက်ဆံရေးထူထောင်ရေး၊ တည်ဆောက် ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရေး၊ သဘာဝဘေးအန္တရာယ် များအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြစေရေးစသည်တို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၄)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာ ရေးမှူးများနှင့် ကျောင်းအားလုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့။
  • ဇွန် ရက်တွင် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံ ပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်နှင့် ကျောင်း များအားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားမည်ဖြစ်။
  • ကျောင်းများမဖွင့်နိုင်ခဲ့သည့် အချို့ဒေသများတွင် ကျောင်းများအားလုံး အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းလက်တွဲကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်။

Add new comment