ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၆/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၆/၂၀၂၃) ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်က အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း ဇက်နင်ဆိန်း၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဖြိုးဇော်ထက်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယ ရဲအုပ်လောင်း နီလာဗိုလ်၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း လပြည့်ဝင်း၊ အင်္ဂလိပ်စာထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဇက်နင်ဆိန်းတို့ကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းအမှာစကားပြောကြားရာတွင်-

  • သင်တန်းဆင်း ဒုတိယရဲအုပ်လောင်းများအနေဖြင့် ခေါင်းဆောင်မှုအင်္ဂါရပ် (၁၆) ရပ် နှင့်အညီ နေထိုင်ကျင့်ကြံပြီး ဥပဒေနှင့် ညီညွတ်သောအမိန့်၊ မျှတသောဆုံးဖြတ် ချက်များနှင့် အဂတိတရားကင်းရှင်းစွာဖြင့် မိမိလက်အောက်ကို ကွပ်ကဲအုပ်ချုပ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရည်မှန်းချက်တာဝန် (၄) ရပ်ကို အလေးထား အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း။
  • မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ လိုက်နာရမည့် အစဉ်အလာကောင်း (၁၂) ရပ်တွင် ပါရှိသည့် “နိုင်ငံတော်တွင် အရေးကြုံတိုင်း နောင်တော်တပ်မတော်နှင့် တစ်စိတ် တစ်ဝမ်းတည်း လက်တွဲ၍ ကာကွယ်စောင့်ရှောက်ခဲ့သည့် တပ်ဖွဲ့ဖြစ်သည်” ဟူသည့် အချက်နှင့်အညီ တပ်မတော်နှင့်အတူ လက်တွဲ၍ လက်ရှိနိုင်ငံတော်၏ အခြေအနေကို တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့။

သင်တန်းဆင်းပွဲသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ရဲထောက်ချုပ်နှင့် ရဲအရာရှိကြီးများ၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၁၆) ရဲသီဟတပ်ခွဲတွင် တပ်တွင်းဘွဲ့ရအမျိုးသား ၂၃၂ ဦး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ အမျိုးသား ၂ ဦး၊ တပ်တွင်းဘွဲ့ရအမျိုးသမီး ၁၁၀ ဦး၊ အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃၄၅ ဦးတို့ကို သင်တန်း ဆင်းပေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၄)

  • ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၆/၂၀၂၃) ရဲသီဟတပ်ခွဲ၏ သင်တန်း ဆင်းပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်တက်ရောက်ခဲ့ပြီး ထူးချွန်ဆုရသည့် ဒုတိယရဲအုပ်လောင်းများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့။
  • ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ် (၁၁၆) ရဲသီဟတပ်ခွဲတွင် တပ်တွင်းဘွဲ့ရ အမျိုးသား ၂၃၂ ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမျိုးသား ဦး၊ တပ်တွင်း ဘွဲ့ရအမျိုးသမီး ၁၁၀ ဦး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အမျိုးသမီး ဦး၊ စုစုပေါင်း ၃၄၅ ဦးတို့ကို သင်တန်းဆင်းပေးခဲ့။

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment