မြန်မာ-ရုရှား နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေး

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသက်ခိုင်ဝင်းသည် မေလ ၃ ရက်တွင်  မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး  H. E. Mr. Iskander Azizov  အား နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

  • တွေ့ဆုံစဉ်  မြန်မာ-ရုရှား  နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံဆေးပညာရပ်နှင့်ဆေးဘက်ဆိုင်ရာ ပညာရှင် များ အပြန်အလှန်စေလွှတ်ရေးနှင့် သုတေသန ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ အထူးသဖြင့် ကင်ဆာရောဂါပညာရပ်၊ ခွဲစိတ်ကုသမှုပညာရပ်၊ နှလုံးဆေးကုသမှုနှင့် ခွဲစိတ်မှုပညာရပ်၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုနှင့် ခွဲစိတ်မှုပညာရပ်များ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံဆေးပညာရပ်နှင့် ဆေးဘက် ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရေး ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် ရုရှားနိုင်ငံထုတ်ဆေးဝါး တင်သွင်းခြင်းနှင့်ဆေးဝါးမှတ်ပုံတင်ရရှိရေးကိစ္စရပ်များ၊ ပြန်လည်သန်စွမ်းရေး ဆေး ပညာရပ်ဆိုင်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များနှင့်ပတ် သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေး မှူးချုပ်(အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်း ဝန်နှင့် တာဝန်ရှိသူများ၊  ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးရာ ကောင်စစ်ဝန်နှင့် သံတမန်ရေး ရာသံမှူးတို့ တက်ရောက်ခဲ့ကြကြောင်း  သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၄)

  • ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံ အမတ်ကြီးအား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ-ရုရှား  နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူး ပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံဆေးပညာရပ်နှင့် ဆေး ဘက်ဆိုင်ရာပညာရှင်များ အပြန်အလှန်စေလွှတ်ရေးနှင့် သုတေသနပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံဆေးပညာရပ်နှင့် ဆေးဘက်ဆိုင်ရာဘွဲ့၊ ဒီဂရီများ အပြန်အလှန် အသိအမှတ်ပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ ဆေးဝါးထုတ်လုပ်ရေးကဏ္ဍနှင့် ရုရှားနိုင်ငံထုတ်ဆေးဝါး တင်သွင်းခြင်းနှင့်ဆေးဝါး မှတ်ပုံတင်ရရှိရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။

Add new comment