မေလ ၃ ရက်တွင် ပြုလုပ်ခဲ့သည့် ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်ခံရနိုင်မှု လျော့ပါးစေရေးဆိုင်ရာ လုပ်ငန်းစီမံချက် စတင်အကောင်အထည်ဖော်ခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများကတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ထိခိုက်ခံစားရမှုများ လတ်တလော သက်သာစေရေးအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေသည့်အပြင် ကြိုတင် ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် လျော့ပါးစေရေးဆိုင်ရာလုပ်ငန်းများကိုလည်း ဆောင်ရွက်နေပါကြောင်း ပြောကြားခဲ့ပါသည်။
- မေလ ၂ ရက်တွင် မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှု အနည်းငယ်ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သစ်ပင်ကြီးများ ပြိုလဲ၍ နေအိမ် ၇၄ လုံး၊ လျှပ်စစ်မီးတိုင် ၂၆ တိုင်နှင့် ဆက်သွယ်ရေးတိုင် ၄ တိုင်ပြိုလဲပျက်စီးပြီး လမ်းများပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာတာဝန် ရှိသူများ က အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးသွားရောက်ရှင်းလင်းပေးခဲ့။
- အလားတူ ပြည်ထောင်စုနယ်မြေအတွင်း ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီး လူနေ အိမ်၂၄ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပြိုလဲကာ လူနေအိမ် ၁၅၆ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး အဆိုပါ လေဘေးသင့်သူများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့က ဆန်ရိက္ခာဖိုး၊ စားသုံးဆီ ၁၂၂ ပိဿာ၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၂၄ အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း ငွေကျပ် ၁၈၂ သိန်းကျော် ထောက်ပံ့ပေးအပ်ခဲ့။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က အားပေး စကားများပြောကြားပြီး လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ် ချက်များ မေးမြန်းကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၅-၂၀၂၄)
- မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှု အနည်းငယ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သစ်ပင်ကြီးများ ပြိုလဲ၍ နေအိမ် အချို့ပျက်စီးပြီး လမ်းများပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ က အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးသွားရောက်ရှင်းလင်းပေးခဲ့။
- ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်လေးခုတွင် ဖြစ်ပွားခဲ့သော လေဘေးသင့် သူများအား ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က ဆန်ရိက္ခာဖိုး၊ စားသုံးဆီ ၁၂၂ ပိဿာ၊ ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၂၄ အိမ်ထောင်စုစာ၊ အိမ်ဆောက်ပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် စုစုပေါင်း ငွေကျပ် ၁၈၂ သိန်း ကျော် ထောက်ပံ့ပေးအပ်ခဲ့။
Add new comment