အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (၁၄) ကြိမ်မြောက်အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၄) ကြိမ်မြောက်အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ တွင် ဧပြီလ ၂၇ ရက်မှ ၃၀ ရက်အထိကျင်းပခဲ့ပြီး အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်၊ ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာဆီယံရေးရာဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမန်ဟောက်ထန်နှင့် အရာထမ်းတစ်ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

(၁၄) ကြိမ်မြောက် အစည်းအဝေးမတိုင်မီ အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ် အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းနှင့်စပ်လျဉ်းသည့် မဟာဗျူဟာစီမံချက်မူကြမ်း ရေးဆွဲရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် လေ့လာသူ တီမောလက်စ်တေနိုင်ငံတို့မှ ထင်ပေါ်ကျော်ကြားပုဂ္ဂိုလ်များ၊ အဆင့်မြင့် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ် များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးကာလအတွင်း အာဆီယံစီးပွားရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့် မြင့်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဆိုင်ရာ မဟာဗျူဟာ စီမံချက်ရေးဆွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများနှင့် အာဆီယံပေါင်းစည်း ဆက်သွယ်ညှိနှိုင်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့် မျက်နှာစုံညီအစည်းအဝေးပြု လုပ်ရာ သက်ဆိုင်ရာမဏ္ဍိုင်များမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာမဏ္ဍိုင် အလိုက် မဟာဗျူဟာစီမံကိန်းများရေးဆွဲမှု၏ တိုးတက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာစီမံချက်များရေးဆွဲမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့နောက် အာဆီယံစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် အာဆီယံအဖွဲ့အစည်း ပိုမိုခိုင်မာအားကောင်း စေရေးဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် မဏ္ဍိုင်(၃)ရပ်လုံးနှင့် သက်ဆိုင်ရာ လုပ်ငန်းစဉ်များအား ထည့်သွင်းဖော်ပြမည့်ကဏ္ဍ သတ်မှတ်ရေးအပေါ် ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၅-၂၀၂၄)

  • အာဆီယံအသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့၏ (၁၄) ကြိမ်မြောက်အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တက်ရောက်၊ တက်ရောက် လာကြသည့် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာမဏ္ဍိုင်အလိုက် မဟာဗျူဟာ စီမံကိန်းများရေးဆွဲမှု၏ တိုးတက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး မဟာဗျူဟာ စီမံချက်များရေးဆွဲမှုအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြ။

 

 

 

 

Add new comment