ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် စီမံခန့်ခွဲ မှုကော်မတီအဖွဲ့ဝင်များ၊ OSSC မှ တာဝန်ရှိသူများသည် သီလဝါအထူးစီးပွားရေးဇုန်သို့ လာရောက်လေ့လာကြသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ နှင့် မေလ ၂ ရက်တွင် တွေ့ဆုံပြီး  ရင်းနှီးမြုပ်နှံမှုဆိုင်ရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ ပါသည်။

  • တွေ့ဆုံစဉ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးကိုယ်စားလှယ်အဖွဲ့မှ Mr.Marat Amirovich  က နှစ်နိုင်ငံ G to G ပူးပေါင်းဆောင်ရွက်မှုများရှိပြီး ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ချစ်ကြည် ရင်းနှီးစွာ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
  • စီးပွားရေးလုပ်ငန်းရှင်အဖွဲ့အား သီလဝါအထူးစီးပွားရေးဇုန်၏ လုပ်ငန်းဆောင်ရွက် မှုတို့တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် နိုင်ငံတော်မှ ရင်းနှီးမြုပ်နှံမှုဆိုင် ရာအခွင့်အလမ်းများစွာ ဖော်ဆောင်ထားရှိမှုတို့ကို အသေးစိတ်ရှင်းလင်းပြသကာ ကိုယ်စားလှယ်အဖွဲ့အား အထူးစီးပွား‌ရေးဇုန်အတွင်း လှည့်လည်ပြသခဲ့။

သီလဝါအထူးစီးပွားရေးစက်မှုဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လာရောက်ရင်းနှီး မြုပ်နှံလျက်ရှိပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁၂၄ သန်း ရင်းနှီးမြုပ်နှံထားကာ မြန်မာ နိုင်ငံတွင် အောင်မြင်လျက်ရှိသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်ကြောင်း၊ ပြည်ပသို့ ပို့ကုန် များ တိုးမြှင့်ဆောင်ရွက်နိုင်ခြင်း၊ ပြည်ပမှ သွင်းကုန်အစားထိုးလုပ်ငန်းများကို ဆောင် ရွက်ပြီး နိုင်ငံအတွက်လိုအပ်သော ဆေးဝါး၊ လူသုံးကုန်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ လူစီးမော်တော်ယာဉ်များ၊ လယ်ထွန်စက်များ၊ လယ်ယာသုံးစက်ပစ္စည်းများနှင့် ဓာတ်မြေ ဩဇာများအပါအဝင် ကုန်ချောပစ္စည်းများကိုလည်း ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ပြည် တွင်း အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ရေးကို နိုင်ငံတော်၏ စီးပွားရေးဦးတည် ချက်များနှင့်အညီ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ စနစ်တကျဆောင် ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် အောင်မြင်နေသော အထူးစီးပွားရေးဇုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်းသိရှိရပါသည်။

          သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၅-၂၀၂၄)

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ သီလဝါအထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့။
  • သီလဝါအထူးစီးပွားရေးစက်မှုဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လာရောက်ရင်းနှီး မြုပ်နှံလျက်ရှိပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၁၂၄ သန်း ရင်းနှီးမြုပ်နှံထားကာ မြန်မာ နိုင်ငံတွင် အောင်မြင်လျက်ရှိသည့် အထူးစီးပွားရေးဇုန်တစ်ခုဖြစ်။

 

Add new comment