မန္တလေးတိုင်း‌ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် သစ်ပင်ကြီးများပြိုလဲ နေအိမ်အချို့ပျက်စီးပြီး လမ်းများပိတ်ဆို့ဖြစ်ပေါ်မှုကို တာဝန်ရှိများ အမြန်ဆုံးရှင်းလင်းဆောင်ရွက်ပေး

မေလ ၂ ရက်တွင် မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှု အနည်းငယ်ဖြစ်ပေါ်ခဲ့ခြင်း ကြောင့် မန္တလေးတိုင်း‌ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သစ်ပင်ကြီးများ ပြိုလဲ၍ နေအိမ်အချို့ပျက်စီးပြီး လမ်းများပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

  • မန္တလေးတိုင်း‌ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အင်တောကျေးရွာအနီး ကျောက်ပန်းတောင်း-မိတ္ထီလာသွားကားလမ်းမပေါ်တွင် ထန်းပင်နှင့် ထနောင်း ပင်များ ပြိုလဲမှုဖြစ်ပေါ်ခဲ့။
  • မင်းခေါင်းတောင်ကျေးရွာ၊ စည်သာကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့၌ လူနေအိမ် ၇ လုံး အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့။
  • စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရပ်ကွက် အမှတ် (၁၁) ရပ်ကွက်တွင် လျှပ်စစ်မီးတိုင် ၂၆ တိုင်နှင့် ဆက်သွယ်‌ရေးတိုင် ၄ တိုင်ပြိုလဲပျက်စီးခဲ့ပြီး ရပ်ကွက်အတွင်းရှိ သစ်ပင်ကြီးများသည် လူနေအိမ်များ‌ပေါ်သို့ ကျိုးကျခြင်း များဖြစ်ပေါ်ခဲ့။
  • မုံရွာမြို့နယ် ငပုတောကျေးရွာတွင်လည်း သစ်ပင်ကြီးများသည် လူနေအိမ်များ‌ ပေါ်သို့ ပြိုလဲခဲ့ပြီး နေအိမ် ၆၇ လုံးမှာ ပျက်စီးခဲ့။

သစ်ပင်ကြီးများပြိုလဲကျ၍ လမမ်းများပိတ်ဆို့ခြင်း၊ နေအိမ်များပေါ်သို့ပိခြင်း၊ နေအိမ်အချို့အမိုးလန်ခြင်းများနှင့် ဓာတ်တိုင်များပြိုလဲခြင်းများဖြစ်ပွားခဲ့သည့် နေများ သို့ သက်ဆိုင်ရာတာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့မှုများအား အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးသွား‌ ရောက်ရှင်းလင်းပေးခဲ့ကြောင်းနှင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်၊ သေဆုံးမှုမရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၄)

  • မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှု အနည်းငယ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့် မန္တလေး တိုင်း‌ဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သစ်ပင်ကြီးများ ပြိုလဲ၍ နေအိမ် အချို့ပျက်စီးပြီး လမ်းများပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများ က အချိန်နှင့် တစ်ပြေးညီ အမြန်ဆုံးသွား‌ရောက်ရှင်းလင်းပေးခဲ့။

Add new comment