ပြည်ထောင်စုဝန်ကြီးများ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေတို့သည် မေလ ၂ ရက်တွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့်အဖွဲ့ကို နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ရာသီဥတုပြောင်းလဲမှု လျှော့ချ ရေးဆိုင်ရာကိစ္စရပ်များ၊ သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံပညာရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၄)

  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်  ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ ရုရှားနိုင်ငံသံအမတ်ကြီးနှင့်တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နှစ်နိုင်ငံပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ ဆွေး‌နွေးခဲ့။

Add new comment