ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်

ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီးသွားရောက်ရန် ဧပြီလ ၃၀ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားခဲ့ ပါသည်။

အဆိုပါ ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့်အတူ တပ်မတော် (လေ) မှ အရာရှိကြီးများ လိုက်ပါသွားပြီး နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၅-၂၀၂၄)

  • ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်သော တပ်မတော် (လေ) ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်၏ ဖိတ်ကြားချက် အရ နှစ်နိုင်ငံလေတပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြှင့်တင်နိုင်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရန် ထိုင်းနိုင်ငံသို့ထွက်ခွာ။

Add new comment