အကြမ်းဖက်သောင်းကျန်းသူများသည် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အနီး ဝန်းကျင်ရှိ ကျေးရွာများနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့အတွင်းသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းများ၊ ဆေးရုံ၊ ဈေး၊ နေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင် ကျောင်းများ ပျက်ဆီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူများသည် ၎င်းတို့၏ နေရပ်များအား စွန့်ခွာထွက်ပြေးခဲ့ရပါသည်။ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများ မိမိတို့နေရပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာပြည်နယ် အစိုးရအဖွဲ့ဝင်များက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့် အတူ အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိရာ-
- မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ဝင်များသည် တာဝန်ရှိသူ များနှင့် တွေ့ဆုံ၍ ကျိုက်မရောမြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ် အတွင်းသို့ ပြန်လည်ရောက်ရှိလာကြသော ယာယီနေရပ်စွန့်ခွာသူ ကျေးရွာသူ၊ ကျေးရွာသားများအား အဆင်ပြေချောမွေ့စွာ ပြန်လည်အခြေချနေထိုင်နိုင်ရေး အတွက် လိုအပ်သည်များအားလုံးကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
- ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်ဌာနေ တပ်ဖွဲ့ဝင်များက ဆီဆိုင်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ ပြည်သူများ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးပြန်လည်ရရှိရေး၊ ဆက်သွယ်ရေး လုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ရေး၊ မြို့မဈေးပြန်လည် ဖွင့်လှစ် နိုင်ရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ။
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ သူများအတွက် သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် နေထိုင်စားသောက်မှု များ အဆင်ပြေချောမွေ့စေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှုများကိုပါ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၅-၂၀၂၄)
- မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အဖွဲ့ဝင်များသည် ကျိုက်မရော မြို့နယ်၊ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ်အတွင်းသို့ ပြန်လည်ရောက်ရှိ လာကြသော ယာယီနေရပ်စွန့်ခွာသူ ကျေးရွာသူ၊ ကျေးရွာသားများအား အဆင်ပြေ ချောမွေ့စွာ ပြန်လည်အခြေချနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များအားလုံးကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။
- ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဆီဆိုင်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင် သည့် ဒေသခံပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့စေရေးအတွက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ။
Add new comment