ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ငနုသန်းတံတားနှင့် ရန်ကုန်-မန္တလေးသွား မီးရထားလမ်းအား KNLA အဖွဲ့နှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF  အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်းဝင်ရောက်၍ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင် လျက်ရှိရာ-

  • မေလ ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကညွတ်ကွင်းမြို့နှင့် ညောင်ပင်သာမြို့ကြား၊ မိုင်တိုင်အမှတ် ၁၁၈/၀ နှင့် တံတားအမှတ်(၁၉၂) နေရာ ရန်ကုန်-မန္တလေးကား လမ်းပေါ်ရှိ ငနုသန်းသံကူကွန်ကရစ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှု လိုလားသူများနှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတား၏အလယ် အလျား ၅၀ ပေခန့်နှင့် အကျယ် ၅၀ ပေခန့် ပြိုကျပျက်စီးခဲ့။
  • အလားတူ အဆိုပါတံတား၏ အနောက်မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ရထားလမ်း ဟောင်း၌ ရထားလမ်းသံဘောင် ၂ ခုမှာ ၁၀ ပေခန့် ပြုတ်ထွက်ပျက်စီး၍ ရထား လမ်းသစ်သံဘောင် ၂ ခုမှာ ၂၀ ပေခန့် ပြုတ်ထွက်ပျက်စီးခဲ့။

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန်၊ ကုန်စည်စီးဆင်းမှုကို ထိခိုက်ဆုံးရှုံးမှုဖြစ်စေပြီး တည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူအသုံးပြုလျက်ရှိသည့် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းသာဖြစ်ပါသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့် မော်တော်ယာဉ်များသွားလာ၍ မရကြောင်း၊ လမ်းတံတားပျက်စီးမှုများအား သက်ဆိုင်ရာလမ်း/တံတားဦးစီးဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၅-၂၀၂၄)

  • ကညွတ်ကွင်းမြို့နှင့် ညောင်ပင်သာမြို့ကြား၊ ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ ငနုသန်းသံကူကွန်ကရစ်တံတားအား KNLA အဖွဲ့မှ အကြမ်းဖက်မှုလိုလားသူများနှင့် PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲမှုကြောင့် တံတား၏အလယ် အလျား ၅၀ ပေခန့်နှင့် အကျယ် ၅၀ ပေခန့် ပြိုကျပျက်စီးခဲ့။
  • အဆိုပါတံတား၏ အနောက်မြောက်ဘက် မီတာ ၇၀၀ ခန့်အကွာရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ရထားလမ်းဟောင်း၌ ရထားလမ်းသံဘောင် ၂ ခုမှာ ၁၀ ပေခန့် ပြုတ်ထွက်ပျက်စီး၍ ရထားလမ်းသစ် သံဘောင် ၂ ခုမှာ ၂၀ ပေခန့် ပြုတ်ထွက်ပျက်စီးခဲ့။
  • မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် လူနှင့် မော်တော်ယာဉ်များသွားလာ၍ မရ သေးဘဲ လမ်းတံတားပျက်စီးမှုများအား သက်ဆိုင်ရာလမ်း/တံတားဦးစီးဌာနမှ တာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Add new comment