ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား ၁,၂၀၀ ကျော် ခေါ်ယူသွားမည်ဖြစ်

မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံတွင်ရှိသော အလုပ်အကိုင် ရှာဖွနေရေးလုပ်ငန်းများနှင့်ချိတ်ဆက်၍  မြန်မာလုပ်သားများစေလွှတ်လျက်ရှိရာ တိုကျိုမြို့ ရှိ မြန်မာသံရုံးသို့  ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က ကမ်းလှမ်းလာသည့် Demand Letter များ အား စိစစ်၍ မြန်မာအလုပ်သမား အမျိုးသား ၇၁၀ ကျော်၊ အမျိုးသမီး ၁,၇၅၀ ကျော် စေလွှတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စိစစ်စေလွှတ်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ် ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိ စာရွက်စာတမ်းအထောက်အထားများစိစစ်ပြီး စိစစ်တွေ့ရှိချက်များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ လျက်ရှိရာ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ အလုပ်ကမ်းလှမ်းစာ ၄၀၃ ခု စိစစ်ပြီးဖြစ်သဖြင့် ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၃၀ ကျော်၊ အမျိုးသမီး ၉၄၀ ကျော် စုစုပေါင်း ၁,၂၀၀  ကျော် အား မကြာမီခေါ်ယူမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၅-၂၀၂၄)

  • ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က မြန်မာအလုပ်သမား အမျိုးသား ၃၃၀ ကျော်၊ အမျိုးသမီး ၉၄၀ ကျော် စုစုပေါင်း ၁,၂၀၀ ကျော် အား မကြာမီခေါ်ယူမည်ဖြစ်။

Add new comment