တာဝန်ရှိသူများက ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

          ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်းသို့ သောင်းကျန်းသူများ ဝင်ရောက် နေထိုင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့သည့်အတွက် တပ်မတော်မှ ကော့ကရိတ်မြို့ကို ပြန်လည် ထိန်းချုပ်ခဲ့ရပြီး ယခုအခါ ယာယီနေရပ်စွန့်ခွာပြည်သူများ ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိရာ ဧပြီလ ၃၀ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြမည့် နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေကျပ် ၉,၀၀၀,၆၀ဝ ကျပ်၊ ဆန်၊ ဆီ၊ ခေါက်ဆွဲ ခြောက်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ် ရေးပစ္စည်း (၁၇) မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့ကရိတ်မြို့အတွင်း ထိခိုက်ပျက်စီးသွားသော ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံ၊ မီးလောင်ပျက်စီးဆုံးရှုံးသွားသော လူနေအိမ်အဆောက် အဦများ၊ ဈေးဆိုင်ခန်းများ၊ ဘာသာရေးအဆောက်အဦများအား လိုက်လံကြည့်ရှုစစ် ဆေးပြီး အဆိုပါအပျက်အစီးများအား လိုက်လံရှင်းလင်းပေးနေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံအားပေးကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၅-၂၀၂၄)

  • တာဝန်ရှိသူများက ကော့ကရိတ်မြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်ကြမည့် နေရပ်ပြန်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အိမ်ထောင်စုများအတွက် ဆန် ရိက္ခာဖိုးငွေကျပ် ,၀၀၀,၆၀ဝ ကျပ်၊ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့။

 

 

 

Add new comment