ကရင်ပြည်နယ်၊ မြဝတီမြို့၌ နယ်မြေဒေသလုံခြုံရေးအခြေအနေအရ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအား ယာယီသွားလာခွင့်ကို ဧပြီလ ၂၁ ရက်မှစ၍ ခေတ္တပိတ်ခဲ့ပြီး ဧပြီလ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယာယီနယ်စပ်ဖြတ်သန်း သွားလာခွင့်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ MoU ဖြင့် တရားဝင်သွားရောက်လုပ်ကိုင် နေသောလုပ်သားများ၊ U-turn ဖြင့် ဆောင်ရွက်ပေးနေရသောလုပ်ငန်းများအား ပြန်လည် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားမှ ခရီးသည်ပို့ဆောင်ရေးယာဉ်ငယ် များနှင့် တစ်ဖက်နိုင်ငံတွင် သွားရောက်လုပ်ကိုင်နေသည့်လုပ်သားများ အဆင်ပြေချော မွေ့စွာ ပြန်လည်သွားလာနိုင်ရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိပါသည်။ နေ့စဉ်တံတားဖွင့်ချိန် နံနက် ၆ နာရီမှ ည ၆ နာရီအထိ ဖွင့်လှစ်ပေး ထား၍ နေ့စဉ်အားဖြင့် လူဦးရေ ၃,၀၀၀ ခန့် အဝင်အထွက် ပြုလုပ်ပေးလျက်ရှိပြီး လာမည့် မေလ ၁ ရက်မှစတင်၍ နယ်စပ်အမှတ်(၁) ချစ်ကြည်ရေးတံတား အဝင်အထွက် ဂိတ်များမှ TBP/BP လက်မှတ်များထုတ်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားအပြင် UID ကိုင်ဆောင်ထားသူများသာ လက်မှတ်များထုတ်ပေးမည်ဖြစ်ပါသည်။
အလားတူ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဧပြီလ ၃၀ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန်လည်ဆောင် ရွက်နေပြီဖြစ်ပါသည်။ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်အတွက် အခွန်ဝင်ငွေအားဖြင့် မြန်မာငွေကျပ် ၄၁,၄၆၅ ဒသမ ၆၉၉ သန်း၊ အခြားအခွန်ရငွေကျပ် ၄,၄၈၅ ဒသမ ၂၆၅ သန်း စုစုပေါင်းအခွန်ငွေကျပ် ၄၅,၉၅၀ ဒသမ ၉၆၄ သန်းတိတိ ရှာဖွေပေးနိုင်ခဲ့ကြောင်းနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များအား ယခင်နှစ်ထက် ပိုမိုဆောင်ရွက်သွားရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၅-၂၀၂၄)
- မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားအား မြဝတီမြို့၌ နယ်မြေဒေသ လုံခြုံရေးအခြေအနေအရ ယာယီသွားလာခွင့်ကို ဧပြီလ ၂၁ ရက်မှစ၍ ခေတ္တ ပိတ်ခဲ့ရပြီး ဧပြီလ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယာယီနယ်စပ်ဖြတ် သန်းသွားလာခွင့်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ MoU ဖြင့် တရားဝင်သွားရောက် လုပ်ကိုင်နေသောလုပ်သားများ၊ U-turn ဖြင့် ဆောင်ရွက်ပေးနေရသော လုပ်ငန်း များအား ပြန်လည်လုပ်ကိုင်ဆောင်ရွက်လျက်ရှိ။
- နေ့စဉ်တံတားဖွင့်ချိန် နံနက် ၆ နာရီမှ ည ၆ နာရီအထိ ဖွင့်လှစ်ပေးထားပြီး လာမည့် မေလ ၁ ရက်မှစတင်၍ နယ်စပ်အမှတ်(၁) ချစ်ကြည်ရေးတံတား အဝင်အထွက်ဂိတ်များမှ TBP/BP လက်မှတ်များထုတ်ယူရာတွင် နိုင်ငံသားစိစစ် ရေးကတ်ပြားအပြင် UID ကိုင်ဆောင်ထားသူများသာ လက်မှတ်များထုတ်ပေး မည်ဖြစ်။
- မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားကို ဧပြီလ ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ပြီး ထိုင်းနိုင်ငံနှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန်လည်ဆောင်ရွက် နေပြီဖြစ်။
Add new comment